ရုရှား နိုင်ငံက လူစွန့်စား တစ်ဖွဲ့ဟာ မိုးပျံပူဖောင်းကနေ တွဲလောင်းချထားတဲ့ ဘောလုံးကွင်းတစ်ခုပေါ်မှာ မီတာ ၁,၈၀၀ အမြင့်အထိ တက်ရောက်ပြီး ဘောလုံးပွဲတစ်ပွဲ ကစားခဲ့ကြပါတယ်။

Russian Daredevil Plays Football Under Hot Air Balloon At 1,800 Metres, Performs Ronaldo's 'Siuuu' Mid-Air

ဒီအိုင်ဒီယာကို ရုရှား နိုင်ငံသား ကျွမ်းဘားကစားသမား Sergey Boytsov က စတင်ခဲ့တာဖြစ်ပြီး အွန်လိုင်းမှာ တော်တော်လေး ပျံ့နှံ့သွားခဲ့ပါတယ်။ မိုးပျံပူဖောင်းကြီးတစ်ခုအောက်မှာ တွဲလောင်းချထားတဲ့ လှုပ်ရမ်းနေတဲ့ စင်မြင့်ပေါ်မှာ ကစားခဲ့တာကြောင့် ဒါဟာ အန္တရာယ်အရှိဆုံး ဘောလုံးပွဲတွေထဲက တစ်ပွဲ ဖြစ်လာခဲ့ပါတယ်။

Russian gymnast stages 'world's first hot air balloon football match' at 1,800 metres. Watch | Trending

လေပေါ်က ဘောလုံးကွင်းဟာ တကယ့်ကို အထင်ကြီးစရာပါပဲ။ ၁၆x၁၀ မီတာအကျယ်ရှိတဲ့ စင်မြင့်ဟာ ၁.၂ တန် လေးပြီး မြက်ခင်း၊ တကယ့်ဂိုးတိုင်တွေနဲ့ ပင်နယ်တီစည်းဝိုင်းတွေ အစုံအလင် ပါရှိပါတယ်။ ကစားသမားတွေပါ အပါအဝင်ဆိုရင် လေထဲမှာ တွဲလောင်းပါသွားတဲ့ စုစုပေါင်းအလေးချိန်ဟာ ၂.၅ တန်ကျော် ရှိပါတယ်။

မိနစ် ၉၀ ကြာမြင့်တဲ့ ဒီပွဲစဉ်အတွင်းမှာ ဘောလုံး ၂၀ လောက်ဟာ ကွင်းဘေးကနေ အောက်ဖက် မြေပြင်ပေါ်ကို ပြုတ်ကျ ပျောက်ဆုံးသွားခဲ့ပါတယ်။

လေယာဉ်နဲ့ အပေါ်စီးကနေ ဗီဒီယိုရိုက်ကူးနေချိန်မှာ ကစားသမားတွေဟာ ယိမ်းထိုးနေတဲ့ စင်မြင့်ပေါ်မှာ ပြေးလွှားပြီး ဘောလုံးလုခဲ့ကြပါတယ်။ လူပြောများနေတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာဆိုရင် ကစားသမားတစ်ယောက်က ဂိုးသွင်းပြီး Cristiano Ronaldo လိုမျိုး “SIUUU” လို့ အော်ဟစ်အောင်ပွဲခံကာ စင်မြင့်ပေါ်ကနေ လေထီးနဲ့ ခုန်ဆင်းသွားခဲ့ပါတယ်။

Ref: Technology Innovation