Texas က အမျိုးသမီးတစ်ဦးဟာ ကုမ္ပဏီရဲ့ Full Self-Driving စနစ်ကို အသုံးပြုနေချိန်မှာ သူမရဲ့ Cybertruck ကား တိုက်မိခဲ့တယ်လို့ ဆိုပြီး Tesla ကို တရားစွဲဆိုလိုက်ပါတယ်။

Video shows Tesla nearly drive mom and baby off bridge, lawsuit claims |  Fox Business

ယာဉ်မောင်းဖြစ်သူ Justine Saint Amour က အဲဒီကားဟာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လမှာ Houston က ခုံးကျော်တံတား အတက်လမ်းမှာ အရှိန်တင်လာပြီး အရှိန်ပြန်မလျှော့ခဲ့ဘူးလို့ ပြောပါတယ်။ Y ပုံသဏ္ဍာန် လမ်းဆုံတစ်ခုမှာ ကွန်ကရစ်အတားအဆီးကို မတိုက်မိခင် Cybertruck ကားဟာ လမ်းပေါ်က ကတော့ချွန်တွေကို ဖြတ်ပြီး အရှိန်ပြင်းပြင်း မောင်းနှင်သွားတာကို Dashcam မှတ်တမ်းဗီဒီယိုမှာ တွေ့ရပါတယ်။

Houston woman sues Tesla after Cybertruck crashes into barrier in self- driving mode

Justine Saint Amour က သူမအနေနဲ့ အဲဒီစနစ်ကို ပိတ်ဖို့ ကြိုးစားခဲ့ပေမယ့် တုံ့ပြန်ဖို့ အချိန်သိပ်မရလိုက်ဘဲ လည်ပင်း၊ ကျောကုန်းနဲ့ လက်ကောက်ဝတ် ဒဏ်ရာတွေ ရခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ တရားစွဲဆိုမှုမှာ Tesla ဟာ Full Self-Driving ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး လွဲမှားစွာ ဖော်ပြထားသလို၊ LiDAR လိုမျိုး အပိုဆင်ဆာတွေကို မသုံးဘဲ ကင်မရာတွေကိုသာ မှီခိုအားထားနေတယ်လို့ စွပ်စွဲထားပါတယ်။

Ref : Fossbytes