Virtual Reality (VR) နည်းပညာဟာ လူတွေအတွက်သာ မဟုတ်ပါဘူး။ ရုရှားမှာ နွားတွေကို VR Headset ဝတ်ဆင်ပေးထားတဲ့ အကြောင်း အရင်က ဖတ်ခဲ့ရပြီးပါပြီ။ အဲဒီ VR Headset တွေဟာ စိမ်းလန်းစိုပြည်တဲ့ မြက်ခင်းပြင်တွေကို နွားတွေအား ပြသပေးတဲ့အတွက် နွားတွေ စိတ်ပျော်ရွှင်ကာ နို့အထွက်တိုးလာပါတယ်။

A Turkish Farmer Tests Out VR Goggles on Cows To Get More Milk

အခုလည်း တူရကီက လယ်သမား ၁ ယောက်က သူ့ ကိုယ်ပိုင် နွားတွေမှာ အဲဒီ သီအိုရီကို အသုံးချနေပါတယ်။ တူရကီ နိုင်ငံ အက်ဆာရေးမှာ နေထိုင်တဲ့ နွားသားဖောက်သူ Izzet Kocak ဟာ နို့အထွက်တိုးသလားဆိုတာ စမ်းသပ်ဖို့ သူ့နွားတချို့မှာ အဲဒီ VR Headset တွေကို ဝတ်ဆင်ပေးထားပါတယ်။

Cows in Turkey enjoy VR headsets; owner reports they are more relaxed, milk  yield increased, World News | wionews.com

Kocak က “ နွားတွေဟာ အထူးသဖြင့် ဆောင်းရာသီမှာ နွားတင်းကုပ်ထဲမှာပဲ နေကြရတဲ့အတွက် VR Headset ကနေ မြက်ခင်းပြင်ထဲရောက်နေသလို ထင်ရအောင် ပြုလုပ်ပေးခြင်းအားဖြင့် နွားတွေ စိတ်ပျော်ရွှင်ပြီး နို့အထွက်တိုးလာမယ်လို့ ယုံကြည်ပါတယ်။ “ လို့ တူရကီ သတင်းဌာန Anadolu Ajansi ကို ပြောပါတယ်။

Kocak ဟာ နို့အထွက်တိုးစေဖို့ နည်းလမ်းမျိုးစုံကို စမ်းသပ်ခဲ့ဖူးပြီး VR Headset အသုံးမပြုခင်က နွားတွေကို ဂန္တဝင် တေးဂီတတွေ ဖွင့်ပြခဲ့ဖူးပါတယ်။ သူက နွား ၂ ကောင်မှာ VR Headset ကို ဝတ်ဆင်ပေးထားပြီး ၁၀ ရက်လောက် လေ့လာစောင့်ကြည့်ခဲ့ပါတယ်။ အဲဒီအခါမှာ Headset ဝတ်ထားတဲ့ နွားတွေဟာ တခြား နွားတွေထက် နို့ထွက်ပိုကောင်းလာသလို နို့အရည်အသွေး ပိုမြင့်မားလာတယ်လို့ သူက ပြောပါတယ်။ ၁ ရက်ကို နွားနို့ ၅ ဂါလန်ထွက်ခဲ့ရာကနေ ၇ ဂါလန်အထိ အထွက်တိုးလာပါတယ်။

Ref : interestingengineering