အိန္ဒိယ-တရုတ် နယ်စပ်အနီးမှာ တရုတ် “spy robot” တစ်ရုပ်ကို အိန္ဒိယစစ်သားတွေက တွေ့ရှိခဲ့တယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဗီဒီယိုဖိုင်တစ်ခု ပျံ့နှံ့နေပါတယ်။ အမြင့်ပိုင်းဒေသမှာ ရိုက်ကူးထားတဲ့ အဲဒီဗီဒီယိုထဲမှာ Line of Actual Control (LAC) အနီး တောင်ကြားတစ်ခုမှာ လူပုံစံတူ အရုပ်တစ်ခု ရပ်နေတာကို တွေ့မြင်ရပါတယ်။

ဗီဒီယိုထဲမှာ တရုတ်ဘက်ခြမ်းက စက်ရုပ်ကင်းစောင့်နဲ့တူတဲ့ အရာဝတ္ထုတစ်ခုကို အနီးကပ် (zoom) ဆွဲပြထားပါတယ်။ အွန်လိုင်းသုံးစွဲသူတချို့ကတော့ ဒါဟာ တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ သုံးထားတဲ့ အလုပ်လုပ်နိုင်စွမ်းရှိတဲ့ စက်ရုပ်ဖြစ်မယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။
တာဝန်ရှိသူတွေကတော့ ဒီဗီဒီယို အစစ်အမှန် ဟုတ်မဟုတ် အတည်မပြုသေးပါဘူး။ ဒါဟာ ပစ္စည်းတင်တဲ့ စင်တစ်ခုခု၊ မျက်စိအမြင်မှားတာ ဒါမှမဟုတ် အယောင်ပြထားတဲ့ အရာတစ်ခုခုလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့်လည်း ဒီရုပ်သံဖိုင်ကြောင့် တရုတ်နိုင်ငံရဲ့ AI ၊ autonomous surveillance နဲ့ humanoid robot တွေလို အဆင့်မြင့် စစ်ဘက်နည်းပညာ အသုံးပြုလာမှုအပေါ် ဆွေးနွေးငြင်းခုံမှုတွေ ဖြစ်ပေါ်နေပြီး တကယ်လို့သာ မှန်ကန်ခဲ့မယ်ဆိုရင်တော့ ဒါဟာ နယ်စပ်လုံခြုံရေး စောင့်ကြည့်မှုအပိုင်းမှာ ပုံစံသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။