Apple ရဲ့ Silicon ဟာ အခြား မိုလ်ဘိုင်း SoC တွေထက် အမြဲတမ်းလို သာလွန်နေတာကို တွေ့နိုင်ပါတယ်။ A series Bionic Chip အသစ်တိုင်းဟာ သူ့ရှေ့က ဗားရှင်းထက် ပိုပြီးတော့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကိုလည်း ယူဆောင်လာလေ့ရှိပါတယ်။ ဒါပေမဲ့ လာမဲ့ iPhone 15 စီးရီးမှာ အသုံးပြုမဲ့ 2025 ရဲ့ A17 Chip ကတော့ အစဉ်အလာအတိုင်း မဟုတ်ပါဘူး။

9To5Mac ရဲ့ အဆိုအရ iPhone 15 series အတွက် မျိုးဆက်သစ် A17 Bionic chipset တွေဟာ Processing power ထက် ဘက်ထရီသက်တမ်း ပိုမိုကောင်းမွန်စေဖို့ပဲ အာရုံစိုက်ထားတယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ 3nm chip တွေအကြောင်းမေးတဲ့အခါ TSMC ဥက္ကဋ္ဌက ထုတ်ပြန်ချက်တစ်ခုက အချက်အလက်ကို ထုတ်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။

TSMC ဟာ Apple ရဲ့ iPhone တွေမှာအသုံးပြုတဲ့ Chip တွေကို ထုတ်လုပ်ပါတယ်။ Semiconductor ထုတ်လုပ်ရေးလုပ်ငန်းကြီးဟာ လာမဲ့မျိုးဆက် A17 chip မှာ သေးငယ်တဲ့ 3nm process node ကို အသုံးပြုမှာဖြစ်ပြီး အလားတူထုတ်လုပ်မှုကို လွန်ခဲ့တဲ့ရက်အနည်းငယ်က စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

3nm Chips တွေ အလုံးအရင်းလိုက်ထုတ်လုပ်မှုစတင်ခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ကုမ္ပဏီဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်က အခမ်းအနားတစ်ခု လုပ်ခဲ့ပါတယ်။ လုပ်ငန်းစဉ်အသစ်အတွက် ထုတ်ပြန်လာတဲ့ စွမ်းဆောင်ရည်တိုးတက်မှုကိန်းဂဏန်းတွေအရ 3nm Process တွေဟာ 5nm process တွေထက် စွမ်းဆောင်ရည်ပိုင်းမှာ  ပိုကောင်းသလို ပါဝါလိုအပ်ချက်ကလည်း ၃၅% လျော့နည်းတယ်လို့ သိရပါတယ်။

M2 Pro chip အသစ်နဲ့ Mac တွေဟာ iPhone 15 ရဲ့ A17 Processor တွေမတိုင်ခင် လုပ်ငန်းစဉ်သစ်နဲ့ ပွဲဦးထွက်နိုင်ပါတယ်။ ဒါ့အပြင် M3 chip တွေဟာ 3nm process ကို အသုံးပြုဖွယ်ရှိပါတယ်။

Ref: Gizmochina