Acer က အိန္ဒိယမှာ Aspire 5 Laptop ရဲ့ Magic Purple အရောင်ကို ကြေညာလိုက်ပြီး Intel 10th Gen Core i3-1005G1 Processor မောင်းနှင်ထားပါတယ်။ ၁၄ လက်မ Full HD မျက်နှာပြင် ပါလာပြီး Solid-state Storage ထည့်သွင်းထားပါတယ်။ WiFi 6 ထောက်ပံ့ထားပြီး Acer က တစ်ခါအားအပြည့်သွင်းထားပြီး သာမာန် သုံးရင် ဘက်ထရီ သက်တမ်းက ၁၁ နာရီခံတယ်လို့ ပြောပါတယ်။

ဒီဇိုင်းက ရိုးရှင်းပြီး ပေါ့ပါးပါတယ်။ IPS မျက်နှာပြင်မှာ Acer Color Intelligence နဲ့ Acer BlueLightShield တို့လို Protection လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ 32GB Intel Optane Memory နဲ့ 512GB Intel QLC 3D NAND M.2 SSD တွေ ပါလာပြီး HDMI Port ၁ ခု၊ USB 3.1 ၂ ခု၊ USB 2.0 ၁ ခု၊ USB Type-C ၁ ခုနဲ့ Ethernet Port တွေ ထည့်သွင်းထားပါတယ်။

Acer Aspire 5 Magic Purple အရောင်ကို Acer E-store မှာ ၃၇,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၆ သိန်း ၉ သောင်းလောက် ကျသင့်နိုင်ပါတယ်။ Acer India ရဲ့ Chief Business Officer ဖြစ်သူ Sudhir Goel က “ တန်းမြင့် ထုတ်ကုန် ၁ ခုကို အရမ်း သက်သာတဲ့ ဈေးနဲ့ ရောင်းပေးထားပါတယ်။ ဒီဇိုင်းနဲ့ ဘက်ထရီ သက်တမ်းက တော်တော် ကောင်းပြီး အလင်းရောင်ကျတဲ့ အပေါ်မူတည်ကာ အရောင်ပြောင်းနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : fonearena