Acer က Swift X 16 အမည်ရ လက်ပ်တော့ အသစ်ကို ကြေညာလိုက်ပြီး စွမ်းရည်မြင့် Specs တွေ ပါလာပါတယ်။ စွမ်းရည်မြင့် AMD 7040-Series Processor ထည့်သွင်းထားပြီး NVIDIA 30 or 40 Series Graphics Card ကို ရွေးချယ်နိုင်ပါတယ်။

Acer Swift X 16

အလူမီနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Trackpad ဟာ အရင်မျိုးဆက်ထက် ၃၃ ရာခိုင်နှုန်း ပိုကြီးလာပါတယ်။ အရင်မျိုးဆက်ထက် လေဝင်ရောက်မှု ၃၆ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

Acer Swift X 16 hands-on review: A tantalizing preview | Digital Trends

Acer Swift X 16 မှာ 16 inch WQXGA IPS LCD မျက်နှာပြင် ပါလာပြီး 2560x1600p Resolution ရှိကာ Peak Brightness က 500 nits ဖြစ်ပါတယ်။ WQXGA+ OLED မျက်နှာပြင်ကိုလည်း ရွေးချယ်နိုင်ပြီး 3200x2000p Resolution , 120Hz Refresh Rate ပါပါတယ်။

AMD Ryzen Processor မောင်းနှင်ထားပြီး Ryzen 5 7535HS ကနေ Ryzen 9 7940H အထိ ရွေးချယ်နိုင်ပါတယ်။ 16GB RAM ပါလာပြီး 512GB, 1TB, 2TB Storage တွေ ရွေးချယ်နိုင်ပါတယ်။ NVIDIA GeForce RTX 3050 or RTX 4050 GPU တွေ ထည့်သွင်းနိုင်ပါတယ်။

USB A Port ၂ ခုနဲ့ USB C Port ၂ ခု တပ်ဆင်ထားပြီး HDMI 2.1 Port ၁ ခု၊ နားကြပ်ပေါက်နဲ့ microSD Card Reader ပါပါတယ်။ 76Wh Battery တပ်ဆင်ထားပြီး အားအပြည့်သွင်းထားရင် ၁၀ နာရီ အသုံးခံပါတယ်။

Acer Swift X 16 ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၂၅၀ ဒေါ်လာ သတ်မှတ်ထားပြီး ဇူလိုင်လ မြောက်အမေရိကမှာ ရောင်းချမှာပါ။

Ref : gizmochina