Adidas က Into the Metaverse NFTs ၃၀,၀၀၀ ကို ပြီးခဲ့တဲ့ သောကြာနေ့က ရောင်းချပေးခဲ့ပြီး ၁ ခုကို လက်ရှိပေါက်ဈေး ၇၆၅ ဒေါ်လာနဲ့ညီမျှတဲ့ 0.2 ETH သတ်မှတ်ထားပါတယ်။ စတင်ရောင်းချပြီး နာရီပိုင်းအတွင်းမှာ NFTs ပေါင်း ၂၉,၆၂၀ ရောင်းချနိုင်ခဲ့ပြီး ဒေါ်လာ ၂၂ သန်းကျော်ဖိုး ဖြစ်ပါတယ်။
Adidas ဟာ Bored Ape Yacht Club , Punks Comics , GMoney တို့နဲ့ ပူးပေါင်းပြီး အဲဒီ NFTs တွေကို ဖန်တီးထားတာ ဖြစ်ပါတယ်။ NFTs တွေ ဝယ်ယူသူတွေကို Adidas က အနွေးထည်တွေ လက်ဆောင်ပေးခဲ့ပါတယ်။
Adidas က အထူးထုတ် Adidas Originals Tokens , GMoney Tokens , Bored Ape Yacht Club NFTs , Mutant Ape Yacht Club NFTs နဲ့ Pixel Vault NFTs တွေ ပိုင်ဆိုင်ထားသူတွေကို အစောဆုံး အနေနဲ့ NFTs ၂၀,၀၀၀ ကို ရောင်းချပေးခဲ့ပါတယ်။
နောက်ပိုင်းမှာ NFTs တွေ ထပ်ရောင်းမလားဆိုတာ မသိရသေးပေမယ့် သူ့ရဲ့ Website မှာတော့ ဒါဟာ အစပဲ ရှိသေးတယ်လို့ ရေးသားထားပါတယ်။ NFTs တွေ ရောင်းချရာမှာ နာရီပိုင်းအတွင်း ဒေါ်လာ သန်းပေါင်းများစွာ ရခဲ့တဲ့အတွက် နောက်ပိုင်းမှာလည်း ထပ်မံ ရောင်းချနိုင်ပါတယ်။ Adidas ဟာ Virtual ဖိနပ်နဲ့ NFTs တွေ ဖန်တီးတဲ့ ကုမ္ပဏီ ၁ ခုကို မကြာခင်က ဝယ်ယူခဲ့တဲ့ Nike ကို အနာဂတ်မှာ ယှဉ်ပြိုင်ဖို့ရှိလာနိုင်ပါတယ်။
Ref : theverge