ဖုန်းကင်မရာတွေကို နေ့စဉ်အသုံးပြုနေကြတဲ့ ခေတ်ကြီးထဲမှာ နည်းပညာကုမ္ပဏီတွေဟာ သုံးစွဲသူတွေအတွက် စိတ်ကြိုက်ဓါတ်ပုံပြုပြင်နိုင်တဲ့ App တွေကို ပိုကောင်းပိုစုံအောင် ထုတ်လုပ်လာကြပါတယ်။ နာမည်ကျော်ကုမ္ပဏီ Adobe ရဲ့ အဖြေကတော့ ယခင် Beta ဗားရှင်းအဖြစ် မိတ်ဆက်ဖူးတဲ့ “Photoshop Camera” အမည်ရ App ကို မိတ်ဆက်ခြင်းပါပဲ။

Adobe Photoshop Camera ကို App Store နဲ့ Google Play တို့မှာ အခမဲ့ရယူနိုင်ပြီး Custom Filter ၈၀ ကျော်နဲ့ အသုံးပြုနိုင်ပါတယ်။

Photoshop Camera မှာ ကိုယ်ပိုင် AI စွမ်းရည်ပါရှိတာကြောင့် ရိုက်ကူးသူ သို့မဟုတ် အရာဝတ္ထုအား နောက်ခံရှုခင်းကနေ ခွဲခြားထုတ်ယူနိုင်ပြီး နောက်ခံမြင်ကွင်းကို အစားထိုးပေးတာလိုမျိုး Effect တွေကို အလွယ်တကူ လုပ်ယူနိုင်မှာပါ။ Portrait ပုံတွေအတွက် အလင်းအမှောင်ချိန်ညှိပေးတာနဲ့ Distortion Removal Feature တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် “Content-aware Recommendation” လို့ခေါ်တဲ့ Feature ကြောင့် ဓါတ်ပုံထဲက အရာဝတ္ထုကို ဘယ်လို Effect ထည့်ရင် အကောင်းဆုံးဖြစ်နိုင်တယ်ဆိုတာကိုပါ အကြံပေးမှာဖြစ်ပါတယ်။

Adobe ကုမ္ပဏီက အနုပညာရှင်တွေနဲ့ တွဲဖက်ထုတ်လုပ်ထားတဲ့ Filter တွေကို အနာဂါတ်မှာလည်း ထပ်မံပြုလုပ်ပေးမှာဖြစ်ပြီး အားလုံး အခမဲ့ သုံးစွဲနိုင်စေမယ်လို့ ကတိပေးထားပါတယ်။

Adobe Photoshop (Android)

Adobe Photoshop (iOS)

Ref – GSMArena