Adobe က Max Conference မှာ Apps Suite အားလုံးအတွက် Update တွေကို ကြေညာလိုက်ပါတယ်။

အဲဒီအထဲက အမိုက်ဆုံး ၁ ခုက Web Browser အတွက် Photoshop ဖြစ်ပါတယ်။ Web Version မှာ Editing Support တွေဟာ အကန့်အသတ်နဲ့ ပါလာပေမယ့် အလုပ်အတူတူ ပြုလုပ်ဖို့ ဖန်တီးပေးထားပါတယ်။ PSDs ကို Cloud မှာ သိမ်းဆည်းနိုင်ပြီး လင့်တွေကို လုပ်ဖော်ကိုင်ဖက်တွေထံ မျှဝေနိုင်ပါတယ်။ Desktop ရဲ့ Photoshop နဲ့ Sync လုပ်နိုင်တဲ့ Commenting Panel အသစ်မှာ Review နဲ့ Comment တွေ ရေးသားနိုင်ပါတယ်။

Adobe brings Photoshop to the browser, RAW support to the iPad

iPad အတွက် Photoshop ရဲ့ Update မှာ တိုးတက်မှုများစွာ ပါလာပါတယ်။ Adobe Camera RAW List ၁ လုံးက RAW File တွေနဲ့ iPhone 12 , 13 က Apple ProRAW File တွေကို ထောက်ပံ့လာပါတယ်။ Sky Replacement , Healing Brush နဲ့ Magic Wand တို့လို တခြား လုပ်ဆောင်ချက်တွေဟာ iPad ရဲ့ Photoshop Version မှာ ပါလာပါပြီ။

Adobe brings Photoshop to the browser, RAW support to the iPad

Smart Object Masking လုပ်ဆောင်ချက် အသစ်ဟာ Desktop ရဲ့ Photoshop ကို ရောက်လာပါပြီ။ Object ၁ ခုအပေါ်  Hover လုပ်ရင် Sensei AI Machine Learning က Mask အသစ်ကို ထုတ်ပေးမှာဖြစ်ပြီး User က Local Adjustment တွေကို ထည့်သွင်းနိုင်ပါတယ်။ Multiple Object အတွက် Layer>Mask All Objects ကနေ ပြုလုပ်နိုင်ပါတယ်။

Adobe brings Photoshop to the browser, RAW support to the iPad

Landscape Mixer က စက္ကန့်ပိုင်းအတွင်း Landscape Shot အတွက် မတူညီတဲ့ ရာသီဥတုတွေကို ဖန်တီးပေးနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်က လူတွေကိုပါ Mask အုပ်ပေးနိုင်ပါတယ်။

Adobe brings Photoshop to the browser, RAW support to the iPad

Ref : gsmarena