ယခုနှစ်အစောပိုင်း iOS အတွက် ထွက်ရှိပြီးနောက်မှာ Adobe ကုမ္ပဏီက Photoshop (Beta) Appကို Google Play မှာ ဖြန့်ချိပေးလိုက်ပါတယ်။
ဒီ Appကို အသုံးပြုဖို့ Android 11 သို့မဟုတ် နောက်ပိုင်းထွက်ရှိတဲ့ OS လိုအပ်ပြီး၊ RAM အနည်းဆုံး 6GB ရှိရမှာဖြစ်ပါတယ် (Adobe ကတော့ အကောင်းဆုံး စွမ်းဆောင်ရည်အတွက် 8GB ရှိဖို့ အကြံပြုထားပါတယ်)။ အဲဒါတွေရှိရင် အဆင်ပြေပါပြီ။ ဒါဆို Photoshop App က ဘာတွေလုပ်နိုင်သလဲ။ Desktop ဗားရှင်းမှာ လုပ်နိုင်သမျှ အရာအားလုံးနီးပါးကို လုပ်ဆောင်နိုင်ပါတယ်ခင်ဗျာ။ Layers တွေ၊ Masks တွေနဲ့ ပြုပြင်တာကနေ Tap Select tool သုံးပြီး ပုံတွေထဲက မလိုချင်တဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားတာအထိ၊ ပြီးတော့ Generative Fill အတွက် AI ကို အသုံးပြုတာတွေအထိ လုပ်ဆောင်နိုင်ပါတယ်ခင်ဗျာ။
Photoshop ရဲ့ Feature များ
* Selections, Layers, Masks တို့လို Photoshop ရဲ့ အဓိက Tools တွေကို သုံးပြီး ပုံတွေကို ပေါင်းစပ်နိုင်၊ ရောစပ်နိုင်ပါတယ်ခင်ဗျာ။
* အလိုအလျောက်သိလွယ်တဲ့ Tap Select tool နဲ့ ပုံတစ်ပုံရဲ့ အစိတ်အပိုင်းတွေကို အမြန်ဖယ်ရှားနိုင်၊ အစားထိုးနိုင်ပါတယ်ခင်ဗျာ။
* Spot Healing Brush လို Tools တွေကို သုံးပြီး မလိုချင်တဲ့အရာတွေကို စက္ကန့်ပိုင်းအတွင်း ဖယ်ရှားနိုင်ပါတယ်ခင်ဗျာ။
* Generative Fill လို Firefly နည်းပညာသုံး AI Feature သုံးပြီး ဒီဇိုင်းတွေထဲမှာ အရာဝတ္ထုတွေကို လွယ်လွယ်ကူကူ ထပ်ထည့်နိုင်၊ ပြောင်းလဲနိုင်ပါတယ်ခင်ဗျာ။
* Object Select နဲ့ Magic Wand တို့ကိုသုံးပြီး တိကျတဲ့ Selection တွေ ပြုလုပ်နိုင်ပါတယ်ခင်ဗျာ။
* Remove နဲ့ Clone Stamp လို အဆင့်မြင့် Tools တွေနဲ့ ပုံတွေကို ပြုပြင်နိုင်ပါတယ်ခင်ဗျာ။
* အဆင့်မြင့် Blend Modes တွေနဲ့ Adjustment Layers တွေသုံးပြီး Layers နဲ့ Effects တွေကို ထိန်းချုပ်နိုင်ပါတယ်ခင်ဗျာ။
Adobe က Beta ကာလအတွင်းမှာ Feature အားလုံးကို အခမဲ့ အသုံးပြုနိုင်ပြီး နောက်ထပ် Feature တွေ ထပ်ထည့်ပေးသွားမယ်လို့ ပြောပါတယ်။
Download Adobe Photoshop (Beta)
Ref : gsmarena