Honor ဟာ လာမယ့်ရက်ပိုင်းအတွင်းပြုလုပ်ဖို့ရှိနေတဲ့ Mobile World Congress (MWC) Event မှာ Flagship Magic5 Series ဖုန်းတွေနဲ့ Magic Vs Foldable ဖုန်းကို တရားဝင်မိတ်ဆက်ဖို့ စီစဥ်ထားပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Budget ဖုန်းတစ်လုံးဖြစ်တဲ့ Honor X8a ဖုန်းကို စျေးကွက်အတွင်းမှာ မိတ်ဆက်လိုက်ပါတယ်။

Honor X8a ဖုန်းဟာ Design ပိုင်းမှာ Flat Design ကို အသုံးပြုထားပြီး Triple Camera Setup အပြင် Selfie Camera ကိုပါ Punch-hole Design ပုံစံထည့်သွင်းပေးထားပါတယ်။ Display အနေနဲ့ 6.7″ Screen Size ရှိမှာဖြစ်ပြီး Full HD+ Resolution အပြင် 90Hz Refresh Rate ကိုပါ ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။

Performance ပိုင်းမှာ MediaTek ရဲ့ Helio G88 Chipset ကို အသုံးပြုထားပြီး RAM 6GB သို့မဟုတ် 8GB ပါဝင်မှာဖြစ်ပါတယ်။ Storage အတွက် 128GB ကိုထည့်သွင်းပေးထားပါတယ်။

Camera ပိုင်းမှာ Honor X8a ဖုန်းဟာ 100MP Main Camera Sensor ကို ထည့်သွင်းထားပြီး 5MP Ultrawide Sensor နဲ့ 2MP Macro Sensor တွေပါဝင်မှာပါ။ Selfie Camera အတွက် 16MP Sensor ကို အသုံးပြုထားပါတယ်။

ကျန်တဲ့အပိုင်းတွေအနေနဲ့ Honor X8a ဖုန်းဟာ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 22.5W Fast Charging ကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ Software ပိုင်းမှာ Android 12 ကို အခြေခံတဲ့ Magic UI 6.1 ကို အသုံးပြုထားပြီး Bluetooth 4.1 ၊ 5GHz Wi-Fi ၊ Side-mounted Fingerprint Sensor ၊ NFC နည်းပညာတွေပါဝင်မှာဖြစ်ပါတယ်။

Honor X8a ဖုန်းကို အရောင်အနေနဲ့ Midnight Black ၊ Titanium Silver နဲ့ Cyan Lake ဆိုပြီး အရောင် ၃ မျိုး ထုတ်လုပ်ထားပြီး စျေးနှုန်းအနေနဲ့ £220 (မြန်မာငွေ ၇သိန်းခွဲ ဝန်းကျင်) ကနေ စပြီးရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China