ZTE က တရုတ်မှာ Blade 20 5G ကို ကြေညာလိုက်ပြီး ဒီဇိုင်းက ZTE Blade A7s 2020 နဲ့ တော်တော်တူပါတယ်။ ဒါပေမယ့် Specs တွေကတော့ မတူကြပါဘူး။ ZTE Blade 20 5G မှာ Dimensity 720 Chipset မောင်းနှင်ထားပြီး 5G ဆက်သွယ်မှုပါတဲ့ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပါတယ်။ ZTE က Chipset အပူ မလွန်ကဲစေဖို့ Heatsink ထည့်သွင်းထားတယ်လို့ ပြောပါတယ်။

ZTE Blade 20 5G announced with Dimensity 720G chip and triple rear camera

Blade 20 5G မှာ ၆.၅၂ လက်မ IPS LCD မျက်နှာပြင်ပါလာပြီး 20:9 Aspect Ratio ဖြစ်တဲ့အတွက် မျက်နှာပြင်က ရှည်ပါတယ်။ 720x1600p Resolution ရှိပြီး 6GB RAM နဲ့ 128GB Storage ထည့်ထားပါတယ်။ microSD Card စိုက်နိုင်သလားဆိုတာ မသိရသေးပါဘူး.

ZTE Blade 20 5G announced with Dimensity 720G chip and triple rear camera

အနောက်ဘက်မှာ 16MP Main , 8MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံးနဲ့ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ ဘက်ထရီက 4,000mAh ဖြစ်ပြီး Android 10 အခြေပြု ZTE MiFavor 10.5 မောင်းနှင်ထားပါတယ်။

ZTE Blade 20 5G announced with Dimensity 720G chip and triple rear camera

၁,၄၉၉ ယွမ် သတ်မှတ်ထားပြီး ၂ သိန်း ၉ သောင်းလောက်နဲ့ 5G စမတ်ဖုန်း ကိုင်နိုင်မှာပါ။ Jazzy Gray နဲ့ Mint Blue ၂ ရောင် ထုတ်လုပ်ထားပြီး ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena