Facebook ပိုင်ရှင် Meta ကုမ္ပဏီဟာ ၄ နှစ်တာ ကာလအတွင်း Metaverse စီမံကိန်းကြောင့် ဒေါ်လာ ၇၀ ဘီလီယံကျော် အရှုံးပေါ်ခဲ့ပြီးနောက် အခုအခါမှာတော့ သူ့ရဲ့ မဟာဗျူဟာကို ပြန်လည်တွက်ချက်နေပါတယ်။ Metaverse ကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပေမယ့် ကုမ္ပဏီရဲ့ အဓိက ဦးစားပေးအရာအဖြစ် AI နည်းပညာနဲ့ Ray-Ban Meta စမတ်မျက်မှန်တွေကို ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

Zuck Vision: Glasses Are the Ideal Gadget for AI Superintelligence

၂၀၂၁ ခုနှစ်ကစပြီး အရှုံးတွေ ဆက်တိုက်ပေါ်နေတဲ့ ဒီစီမံကိန်းကို ထိန်းချုပ်ဖို့အတွက် ၂၀၂၆ ခုနှစ်မှာ Metaverse ဌာနရဲ့ ဘတ်ဂျက် ၃၀ ရာခိုင်နှုန်းအထိ လျှော့ချဖို့ လေ့လာသုံးသပ်နေပါတယ်။ ဒီအစီအစဉ်ထဲမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကစပြီး ဝန်ထမ်းလျှော့ချတာတွေလည်း ပါဝင်လာနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Zuckerberg's vision: AI-powered glasses for all

ကုမ္ပဏီရဲ့ Reality Labs ဌာနဟာ ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်းမှာတင် လုပ်ငန်းလည်ပတ်မှုအရှုံး ဒေါ်လာ ၁၃ ဘီလီယံကျော် ရှိခဲ့တာပါ။ Metaverse ဟာ စမတ်ဖုန်းတွေကို အစားထိုးဖို့ ခက်ခဲနေသေးပြီး ဈေးကြီးတာ၊ နေ့စဉ်ဘဝမှာ အသုံးပြုဖို့ လက်တွေ့မကျသေးတာတွေကြောင့် ဝေဖန်ခံနေရပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေ စိတ်သက်သာရာရစေဖို့ ကုန်ကျစရိတ်လျှော့ချပြီး AI ဘက်ကို ပိုအာရုံစိုက်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာ လူကြိုက်အများဆုံးဖြစ်နေတာကတော့ Ray-Ban Meta စမတ်မျက်မှန်တွေပဲ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း လက်မှတ် ၁ သန်းကျော် ရောင်းချခဲ့ရပြီး ၂၀၂၅ မှာတော့ ရောင်းအား ၃ ဆ တက်လာတယ်လို့ ဆိုပါတယ်။ Meta အနေနဲ့ Ray-Ban ထုတ်လုပ်သူ EssilorLuxottica မှာ ရှယ်ယာ ၃ ရာခိုင်နှုန်းအထိ ပါဝင်ဖို့ ရှိနေပြီး Headset တွေခေတ်မရောက်ခင် ကြားကာလမှာ စမတ်မျက်မှန်တွေကို အားပြုသွားမယ့်ပုံ ရှိနေပါတယ်။

Ref : en.clickpetroleoegas