Tesla ရဲ့ အနာဂတ် ရည်မှန်းချက်ဖြစ်တဲ့ ကိုယ့်ကားကိုယ်အငှားထုတ်ပြီး ဝင်ငွေရှာနိုင်မယ့် Robotaxi ကွန်ရက်ဟာ တကယ်ဖြစ်လာတော့မှာလား။ အစောပိုင်းသတင်းတွေအရတော့ တောင်ကိုရီးယားနိုင်ငံဟာ US နဲ့ တရုတ်နိုင်ငံတို့ပြီးရင် ဒီနည်းပညာတော်လှန်ရေးမှာ ပါဝင်လာမယ့် တတိယမြောက်နိုင်ငံ ဖြစ်လာနိုင်ပါတယ်။

DRIVERLESS Tesla Robotaxi Spotted in the Wild! - YouTube

ဘာကြောင့် တောင်ကိုရီးယားက ဒီလောက်အရေးပါနေတာလဲဆိုရင်၊ သူတို့ဟာ Tesla ရဲ့ အပြည့်အဝ မောင်းသူမဲ့နည်းပညာ (FSD)ကို စီးပွားဖြစ်အသုံးပြုခွင့်ရမယ့် ကမ္ဘာ့ပထမဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်လာနိုင်လို့ပါပဲ။ ဒါဟာ Austin, Texas မှာ စမ်းသပ်နေပြီဖြစ်တဲ့ ယာဉ်မောင်းလုံးဝမပါတဲ့ Robotaxi ဝန်ဆောင်မှုကို အကောင်အထည်ဖော်ဖို့ Tesla အစီအစဉ်ရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

Watch Out! Driverless Teslas Have Hit The Streets

Tesla ရဲ့ ရည်မှန်းချက်က ရှင်းပါတယ်- ကားပိုင်ရှင်တွေဟာ သူတို့ကားကို အသုံးမပြုတဲ့အချိန်မှာ Robotaxi ကွန်ရက်ပေါ် တင်ထားရုံနဲ့ ကားက သူ့ဘာသာသူ မောင်းနှင်ပြီး ပိုင်ရှင်အတွက် ဝင်ငွေရှာပေးမယ့် အနာဂတ်ကို ဖန်တီးဖို့ပါပဲ။

ဒီခြေလှမ်းဟာ Tesla ကို မောင်းသူမဲ့နည်းပညာလောကရဲ့ ဘုရင်တစ်ဆူဖြစ်လာစေမယ့် ခရီးအတွက် အရေးပါတဲ့ အပြောင်းအလဲတစ်ခုဖြစ်သလို၊ နောင်တစ်ချိန်မှာ ကုမ္ပဏီအတွက် ဝင်ငွေပုံစံအသစ်တွေကို ဖန်တီးပေးသွားမှာ သေချာပါတယ်။

Ref : Tech Explorers