vivo က BlueOS လို့ခေါ်တဲ့ ကိုယ်ပိုင် Operating System ကို 2023 vivo Developer Conference မှာ ကြေညာလိုက်ပါတယ်။

vivo က ၂၀၁၈ ခုနှစ်မှာ BlueOS ကို စတင် ဖန်တီးတာလို့ ပြောပြီး အဲဒီ OS ဟာ Android App Ecosystem ရဲ့ ကန့်သတ်ချက်တွေကို ဖြေရှင်းဖို့ ဒီဇိုင်းထုတ်ထားတာပါ။ System Framework အတွက် Rust Programming Language ကို သုံးထားတဲ့ ကမ္ဘာ့ ပထမဆုံး Operating System ဖြစ်ပါတယ်။

BlueOS မှာ အဓိက စွမ်းရည် ၃ ခု ပါပါတယ်။ အဲဒါတွေက စမတ်ကျတဲ့ Interactions ၊ ချောမွတ်တဲ့ User Experience နဲ့ သုံးစွဲသူ ဒေတာ လုံခြုံမှုတို့ ဖြစ်ပါတယ်။ BlueOS ဟာ အသံ၊ စာသား၊ Gesture နဲ့ ဦးနှောက်လှိုင်း အပါအဝင် Input နည်းလမ်းများစွာကို နားလည်၊ တုန့်ပြန်နိုင်ပါတယ်။

BlueXlink Connection Protocol ကို ထောက်ပံ့ထားတဲ့အတွက် ဒေတာတွေကို လုံခြုံစွာ Device များစွာကြားမှာ ပေးပို့နိုင်ပါတယ်။

စွမ်းဆောင်ရည် အပိုင်းမှာ vivo က BlueOS ဟာ Memory သုံးစွဲမှုကို ၆၇ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပြီး Rendering စွမ်းရည်ကို ၄၈ ရာခိုင်နှုန်း တိုးတက်စေတယ်လို့ ပြောပါတယ်။ Response Speed ကို ၁၈ ရာခိုင်နှုန်း မြှင့်တင်ပေးပါတယ်။

BlueOS ဟာ 32MB RAM ပဲ ပါတဲ့ Device အပါအဝင် Device များစွာမှာ ထည့်သွင်းနိုင်ပါတယ်။ အဲဒီအတွက် စမတ်နေအိမ် ပစ္စည်းတွေကနေ Wearable တွေအထိ Device မျိုးစုံမှာ အသုံးပြုနိုင်ပါတယ်။

ဒါပေမယ့် vivo က စမတ်ဖုန်းတွေမှာ BlueOS ထည့်သွင်းပေးမယ့် အစီအစဉ်ကို မပြောသေးပါဘူး။ အဲဒီအတွက် vivo စမတ်ဖုန်းတွေမှာ Funtouch OS နဲ့ OriginOS ပဲ ထည့်ပေးဦးမှာပါ။

vivo Watch 3 စမတ်နာရီဟာ BlueOS ပါတဲ့ ပထမဆုံး Device ဖြစ်လာမှာ ဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့ ကြေညာမှာပါ။

Ref : gizmochina