Huawei ရဲ့ နောက်ထွက်မယ့် Nova 12 Series မှာ 5G ထောက်ပံ့နိုင်တဲ့ Huawei ကိုယ်တိုင်ထုတ် Kirin SoC ပါလာနိုင်ပါတယ်။ Nova 12 မှာ Kirin 8 Series Chip နဲ့ Nova 12 Pro မှာ Kirin 9 Series Chip ထည့်သွင်းထားနိုင်ပါတယ်။

ပေါက်ကြားသတင်းတွေအရ Nova 12 မှာ Snapdragon 8 Gen 3 ပါတဲ့ ဖုန်းတွေမှာ မရနိုင်တဲ့ စွမ်းရည်တချို့ပါလာမှာပါ။ Kirin Chip ကပဲ စွမ်းဆောင်နိုင်တဲ့ အရာတွေဖြစ်ပြီး Google Tensor Chip တွေလိုမျိုးပါ။ အဲဒီထဲက စွမ်းရည် ၁ ခုက ဂြိုလ်တု ဆက်သွယ်ရေးပါ။

ပေါက်ကြားသတင်းတွေအရ Nova 12 Series မှာ 60MP Wide-angle ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ကင်မရာ ၃ လုံး ပါလာမှာပါ။ အနောက်ကင်မရာတွေက 50MP Main , 12MP Ultrawide နဲ့ 50MP Telephoto တို့ ဖြစ်ပါတယ်။ 66W Fast Charging ထောက်ပံ့တဲ့ 4,800mAh Battery ပါလာမှာပါ။

Despite U.S. ban, Huawei is reportedly about to bring back its Kirin chipsets for smartphones - PhoneArena

Nova 12 Pro မှာ အနည်းငယ်ပိုကြီးတဲ့ 4,900mAh Battery နဲ့ 88W Charging ထည့်သွင်းထားမှာပါ။

Nova 12 Series ကို ဒီဇင်ဘာလမှာ ကြေညာနိုင်ပါတယ်။ တစ်ခုမှတ်ထားရမှာက Huawei ရဲ့ Kirin Chip တွေကို လက်ရှိမှာ များများစားစား မထုတ်နိုင်သေးပါဘူး။ အဲဒီအတွက် လုံလုံလောက်လောက် ရောင်းနိုင်မှာ မဟုတ်သေးပါဘူး။

Ref : gizmochina