Samsung ဟာ နောက်ဆုံးမှာတော့ သူ့ရဲ့ Theme Park app ကနေတစ်ဆင့် Glass UI effect ကို ထည့်သွင်းပေးလိုက်ပါတယ်။ ဒါဟာ Apple ရဲ့ လူပြောများနေတဲ့ iOS 26 မှာပါတဲ့ “Liquid Glass” ဒီဇိုင်းကို အတုခိုးလိုက်တာနဲ့ တူနေပါတယ်။ Samsung က အစပိုင်းမှာ Apple ကို လှောင်ပြောင်ခဲ့ပေမယ့်၊ အခုတော့ ပြိုင်ဘက်ရဲ့ နည်းလမ်းတစ်ခုကို ပြန်လည်အသုံးပြုနေပုံရပါတယ်။
Theme Park ရဲ့ နောက်ဆုံး update (version 1.1.01.23) ကို ဇူလိုင်လ ၁၈ ရက်နေ့က ထုတ်ပေးခဲ့ပြီး icon effect အသစ် ငါးမျိုးဖြစ်တဲ့ Basic, Film Grain, Duotone, Glass, နဲ့ Gradient တို့ကို ပေါင်းထည့်ပေးခဲ့ပါတယ်။ Apple ရဲ့ Liquid Glass နဲ့မတူတာက၊ အသုံးပြုသူတွေက ပုံပန်းသဏ္ဍာန်ရဲ့ အပိုင်းတိုင်းလိုလိုကို စိတ်ကြိုက်ပြင်ဆင်ခွင့် ရမှာဖြစ်ပြီး၊ အဲဒီထဲမှာ တခြား third-party app တွေရဲ့ icon တွေတောင် ပါဝင်ပါတယ်။
Glass effect အသစ်နဲ့ဆိုရင် icon ရဲ့ ဖောက်ထွင်းမြင်နိုင်မှု၊ တောက်ပမှု၊ အရောင်အသွေးတွေကို ချိန်ညှိနိုင်တဲ့အပြင်၊ ကိုယ့်ရဲ့ wallpaper နဲ့လည်း တစ်သားတည်းကျအောင် ချိန်ညှိနိုင်ပါတယ်။ Notification တွေတောင်မှ ဖောက်ထွင်းမြင်ရတဲ့ ပုံစံအသစ်ကို ပြောင်းလဲရရှိမှာ ဖြစ်ပါတယ်။ အကောင်းဆုံးအပိုင်းကတော့ system update လုပ်စရာမလိုတာပါပဲ။ Galaxy S25 series နဲ့ Z Fold 7 လိုမျိုး ဖုန်းတွေပေါ်က One UI 8 မှာတင် တိုက်ရိုက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုပြုလုပ်ရမလဲဆိုတော့
Theme Park ကိုဖွင့်ပြီး “Create Theme” ကိုနှိပ်ပါ။ ပြီးရင် “Icon” tab ကိုသွားပြီး အောက်ကိုဆွဲချတဲ့ menu ထဲက “Glass” ကို ရွေးလိုက်ပါ။ အဲဒီနောက်မှာ ကိုယ့်ရဲ့ icon တွေက နောက်ခံနဲ့ တစ်သားတည်းကျသွားတဲ့အထိ effect ကို အသေးစိတ်ချိန်ညှိဖို့ slider တွေ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ home screen ကို လုံးဝပြောင်းလဲပစ်နိုင်တဲ့ ရိုးရှင်းတဲ့ ပြင်ဆင်မှုလေးတစ်ခုပါပဲ။
အခုဖြန့်ချိပေးလိုက်တဲ့ Theme Park update ဟာ Galaxy ဖုန်းတွေအတွက် အလုပ်မရှုပ်ဘဲ ဆန်းသစ်တဲ့ ဖန်သားလိုအသွင်အပြင်ကို ယူဆောင်လာပေးပါတယ်။ ဒီ update ကို Samsung ရဲ့ Galaxy Store ကနေတစ်ဆင့် ရယူနိုင်သလို၊ ကိုယ့်ရဲ့ဒေသမှာ မရသေးဘူးဆိုရင်လည်း APK ဖိုင်ကို sideload လုပ်ပြီး ထည့်သွင်းနိုင်ပါတယ်။
Ref : gizmochina