Krungthep Turakij ရဲ့ အစီရင်ခံစာတစ်ခုအရ၊ Artificial intelligence (AI) ဟာ အခုအခါမှာ Virtual YouTuber (VTuber) လောကကို လွှမ်းမိုးထားပြီး ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရှာပေးနေပါတယ်တဲ့။

AI-powered VTubers are earning millions with fully virtual personalities

အောင်မြင်မှုရရှိထားတဲ့ AI နည်းပညာသုံး VTuber တစ်ယောက်ကတော့ Bloo ဖြစ်ပြီး သူက အပြာရောင်တောက်တောက် ဆံပင်လှိုင်းတွန့်တွေနဲ့ အပြာရင့်ရောင် မျက်လုံးတွေ ရှိပါတယ်။ ဒါပေမဲ့ Bloo က လူသားတစ်ယောက်တော့ မဟုတ်ပါဘူး။ သူက Grand Theft Auto, Roblox နဲ့ Minecraft လို နာမည်ကြီးဂိမ်းတွေ ကစားပြတဲ့ ဗီဒီယိုတွေကနေတစ်ဆင့် သူ့ကိုအားပေးတဲ့ subscriber ၂.၅ သန်းအထိ ရရှိထားပြီး ကြည့်ရှုမှုအကြိမ်ရေ သန်း ၇၀၀ ကျော်အထိ ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။

Bloo ကို kwebbelkop လို့လည်း လူသိများတဲ့ ဝါရင့် YouTuber တစ်ယောက်ဖြစ်သူ Jordi van den Bussche က ဖန်တီးခဲ့တာဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့က အသက် ၂၉ နှစ်အရွယ် van den Bussche က သူဟာ content တွေ ဖန်တီးရတဲ့ ဖိအားတွေနဲ့ ရုန်းကန်ခဲ့ရပြီးနောက်မှာ Bloo ကို ဖန်တီးခဲ့တာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

Prime Video: Bloo

“နောက်ဆုံးတော့ ဒီကိစ္စမှာ အဓိကအားနည်းချက်က လူကိုယ်တိုင်ဖြစ်နေတာကို တွေ့လာရတယ်။ ဒါကြောင့် ကျွန်တော်တို့က လူကို တစ်နည်းနည်းနဲ့ ဖယ်ရှားဖို့လိုလာတယ်” လို့ van den Bussche က ပြောပါတယ်။ “တစ်ဦးတည်းသော ယုတ္တိရှိတဲ့ နည်းလမ်းကတော့ လူနေရာမှာ တကယ့်လူတစ်ယောက်လို ထင်ရတဲ့ ပုံရိပ် ဒါမှမဟုတ် ကာတွန်းဇာတ်ကောင်နဲ့ အစားထိုးဖို့ပါပဲ။ အဲဒီမှာ VTuber က တစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာပြီး Bloo ဆိုတာ ပေါ်ပေါက်လာခဲ့တာပါ။”

van den Bussche ရဲ့ ပြောကြားချက်အရ Bloo ဟာ ဝင်ငွေ ဒေါ်လာသန်းချီ (ဂဏန်း ၇ လုံး) ကျော်ကို ရရှိထားပြီးဖြစ်ပါတယ်။

Bloo ရဲ့ channel မှာရှိတဲ့ ဗီဒီယို thumbnail တွေကနေစပြီး တခြားဘာသာစကားတွေနဲ့ အသံထပ်ဖန်တီးမှုတွေအထိ ကျန်တဲ့အရာအားလုံးကိုတော့ ElevenLabs, OpenAI ရဲ့ ChatGPT, Google ရဲ့ Gemini နဲ့ Anthropic ရဲ့ Claude တို့ဆီက AI နည်းပညာတွေနဲ့ ဖန်တီးထားတာပါ။

Ref: Nation Thailand