Shanghai မှာ ပြုလုပ်တဲ့ ဆေးပညာ ပြိုင်ပွဲတစ်ခုမှာ AI က တရုတ် ဆရာဝန်အဖွဲ့တစ်ဖွဲ့ကို အနိုင်ရရှိခဲ့ပြီး ရှုပ်ထွေးတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုကို ၂ စက္ကန့်အောက် အချိန်အတွင်းမှာ ရောဂါအဖြေရှာနိုင်ခဲ့ပါတယ်၊ ဆရာဝန်တွေကတော့ ၁၃ မိနစ်ဝန်းကျင် အချိန်ယူခဲ့ရတယ်လို့ တရုတ်အစိုးရပိုင် မီဒီယာတွေက ဖော်ပြထားပါတယ်။
Pujiang Medical AI Conference မှာ Shanghai က ထိပ်တန်းဆေးရုံကြီးတွေက အကြီးတန်းဆရာဝန် ၄ ဦးဟာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး တရုတ် နိုင်ငံထုတ် Gastrointestinal Multimodal AI နဲ့ နိုင်ငံတကာ AI မော်ဒယ်တစ်ခုကို ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
တရုတ် နိုင်ငံထုတ် AI ဟာ ဆရာဝန်တွေရဲ့ ရောဂါအဖြေရှာမှု၊ ကုသမှုတွေနဲ့ ကိုက်ညီမှုရှိခဲ့ပေမယ့် နိုင်ငံခြား AI ကတော့ တိကျမှု အနည်းငယ် လျော့နည်းခဲ့ပါတယ်။
တာဝန်ရှိသူတွေကတော့ ဒီလိုအဆင့်မြင့် AI စနစ်တွေကို အသုံးပြုတာဟာ ဆရာဝန်တွေကို အစားထိုးဖို့ မဟုတ်ဘဲ ဆရာဝန်တွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref : Mechabytes