ဩစတြေးလျ နိုင်ငံ၊ Victoria ပြည်နယ်မှာရှိတဲ့ ENGIE ကုမ္ပဏီရဲ့ 250 MW Goorambat East Solar Farm မှာ အမေရိကန်အခြေစိုက် Luminous Robotics ကုမ္ပဏီက ထုတ်လုပ်တဲ့ AI စက်ရုပ်တွေဟာ ဆိုလာပြားပေါင်း ၅ သိန်းနီးပါးကို တပ်ဆင်ရာမှာ ကူညီပေးခဲ့ပါတယ်။ Benalla မြို့အနီးမှာ တည်ရှိတဲ့ အဲဒီစီမံကိန်းဟာ ဆိုလာပြားတပ်ဆင်ခြင်းလုပ်ငန်းကို သတ်မှတ်ရက်ထက်စောပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။

AI robots speed up installation of 500,000 solar panels in Australia

LUMI fleet လို့သိကြတဲ့ အဲဒီစက်ရုပ်တွေဟာ AI နဲ့မောင်းနှင်တဲ့ pick-and-place နည်းပညာကိုအသုံးပြုပြီး ဆိုလာပြားတွေကို တပ်ဆင်မယ့်စင်တွေပေါ်ကို သူ့အလိုအလျောက် မတင်ပေးပြီးနောက်မှာ လူဝန်ထမ်းတွေက အဲဒီဆိုလာပြားတွေကို ခိုင်မြဲအောင် တပ်ဆင်ပေးရပါတယ်။ ဒီနည်းလမ်းဟာ လူတွေရဲ့ကာယလုပ်အားကို လျှော့ချပေးပြီး ဘေးကင်းလုံခြုံမှုကို တိုးမြှင့်ပေးကာ လုပ်ငန်းစွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

Robots speed installation of 500,000 panels at solar farm in Australia – pv  magazine International

အဲဒီ Solar Farm ဟာ စမ်းသပ်လည်ပတ်မှုတွေကို စတင်နေပြီဖြစ်ပြီး ပထမဆုံးအကြိမ် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်မှာ စတင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းမှာ အပြည့်အဝ လည်ပတ်နိုင်တဲ့အခါ အဲဒီဆိုလာစက်ရုံဟာ Victoria ပြည်နယ်က အိမ်ခြေ ၁သိန်း ၅ထောင်စာအတွက် လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Ref : Technology Innovation