Apple ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက iPhone 13 Series ဖုန်းတွေအပြင် Apple Watch Series 7 ၊ iPad တွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ လာမယ့်လပိုင်းမှာလည်း M1X Chip အသစ်ကို အသုံးပြုထားတဲ့ MacBook Pro 14 နဲ့ MacBook Pro 16 တွေကိုပါ မိတ်ဆက်လာမယ်လို့ သိရပါတယ်။

အခုလည်း Bloomberg Media က Mark Gurman ကနေ နောက်လာမယ့်နှစ်မှာ မိတ်ဆက်လာမယ့် Product တွေအကြောင်းကို ပြောကြားလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Apple AirPods 2 နဲ့ MacBook Air အသစ်တွေပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ AirPods 3 ကို အမြောက်အများထုတ်လုပ်နေတယ်ဆိုပြီး DigiTimes ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် လာမယ့်နှစ်အစောပိုင်းမှာ AirPods 3 အပြင် AirPods Pro 2 ကိုပါ တချိန်တည်းမှာ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

AirPods Pro 2 မှာတော့ လက်ရှိ AirPods Pro လိုမျိုးပဲ Active Noise Cancellation (ANC) နဲ့ Spatial Audio ကိုလည်း Support ပြုလုပ်သွားမှာဖြစ်ပါတယ်။ Design ပိုင်းကိုလည်း အနည်းငယ်ပြောင်းလဲသွားမှာဖြစ်ပြီး Feature ပိုင်းမှာလည်း အသစ်ထပ်မံပါဝင်လာမယ်လို့ ယူဆရပါတယ်။

MacBook Air အသစ်ဟာလည်း အဓိကအနေနဲ့ M1X Chip ကို အသုံးပြုထားမှာဖြစ်သလို Design ပိုင်းမှာလည်း ပြောင်းလဲသွားမှာဖြစ်ပါတယ်။ Mini-LED Display ကိုလည်း အသုံးပြုလာမယ်ဆိုပြီး သတင်းတွေထွက်လာပေမယ့် အတိအကျတော့ မသိရှိရသေးပါဘူး။

Ref – GSM Arena