Apple ရဲ့ နှစ်စဥ်ကျင်းပနေတဲ့ WWDC Keynote ဟာ ယခုနှစ်မှာတော့ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် Online Only အနေနဲ့ပဲ Livestream ပြသခဲ့တာဖြစ်ပါတယ်။ အဆိုပါ WWDC မှာ iOS 14 အပါအဝင် Software Update အသစ်တွေကို မိတ်ဆက်ခဲ့တဲ့အပြင် AirPods တွေအတွက်လည်း Software Update အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။

ဒါကတော့ အသုံးပြုနေတဲ့ iDevices တွေအပေါ်မှုတည်ပြီးတော့ AirPods ကနေ အလိုအလျောက်ချိတ်ဆက်သွားနိုင်မယ့် Seamless Switching Feature ပဲဖြစ်ပါတယ်။ အဆိုပါ Feature က ဥပမာ iPad သုံးနေတုန်း MacBook သုံးမယ်ဆိုရင် MacBook ကို AirPods ကပြောင်းလဲချိတ်သွားမှာဖြစ်ပြီး ဖုန်းဝင်လာခဲ့ရင်လည်း iPhone ဆီကို ချက်ချင်းပြောင်းပြီး ချိတ်ဆက်သွားနိုင်မှာဖြစ်ပါတယ်။

အဆိုပါ Feature ကိုတော့ AirPods (2nd Gen) ၊ AirPods Pro ၊ Powerbeats ၊ Powerbeats Pro နဲ့ Beats Solo Pro တွေမှာပါ ရရှိလာမယ်လို့ ဖော်ပြခဲ့ပါတယ်။

နောက်ထပ် Feature တစ်ခုကတော့ Spatial Audio Feature ပဲဖြစ်ပြီး AirPods Pro မှာပဲရရှိလာမှာဖြစ်ပါတယ်။ အဆိုပါ Feature က 3D Surround Sound ကိုပေးစွမ်းနိုင်မှာဖြစ်ပြီး ခေါင်းကိုလှုပ်ရှားနေရင်တောင်မှ အသုံးပြုနေတဲ့ iDevice ရဲ့ လှုပ်ရှားမှုကိုတွက်ချက်ပြီးတော့ အကောင်းဆုံး Audio Experience ကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Feature ကနေ 5.1 ၊ 7.1 နဲ့ Dolby Atmos Experience တွေကိုပါ ရရှိနိုင်မယ်လို့ သိရပါတယ်။

Apple အနေနဲ့ အဆိုပါ Feature Update တွေကို ဘယ်အချိန်မှာ မိတ်ဆက်သွားမလဲဆိုတာကိုတေ့ာ အတိအကျပြောကြားခဲ့ခြင်းမရှိသေးပါဘူး။

Ref – GSM Arena