DigiTimes ရဲ့ သတင်းအရ Apple ရဲ့ နောက်မျိုးဆက် AirPods Pro 2 ကို ဒီနှစ် ပထမနှစ်ဝက်မှာ ကြေညာမယ်လို့ သိရပါတယ်။ ဒီသတင်း ပေါက်ကြားလာတဲ့ အရင်းအမြစ်ကို မသိရပေမယ့် ထိုင်ဝမ် အခြေစိုက် Wndbound Corporation က အဲဒီ AirPods Pro အသစ်အတွက် NOR Flash Memory ကို အဓိက ထောက်ပံ့ပေးမယ်လို့လည်း ပြောထားပါတယ်။

အရင်သတင်းတွေအရ Apple ဟာ AirPods Pro 2 ရဲ့ ဒီဇိုင်းကို ပြောင်းလဲဆန်းသစ်ထားမှာ ဖြစ်ပြီး Stem မပါတော့ဘဲ အရွယ်အစား လုံးဝန်း ကျစ်လစ်တဲ့ ဒီဇိုင်းကို အသုံးပြုထားမယ်လို့ သိရပါတယ်။ ဝတ်ဆင်သူရဲ့ နားထဲမှာ အံဝင်ခွင်ကျဖြစ်ပြီး နားထဲက ပြုတ်ကျမလာအောင် ဘယ်လို ဒီဇိုင်းထုတ်ထားမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ Apple ဟာ W2 In-house Chip ကို AirPods Pro 2 မှာ ထည့်သွင်းထားနိုင်ပါတယ်။

AirPods Pro 2 ရဲ့  System in Package (SIP) Board ဓါတ်ပုံတွေ အရင်က ပေါက်ကြားထွက်ပေါ်လာခဲ့ဖူးပြီး အရွယ်အစား မတူညီဘဲ ကျစ်လစ်တဲ့ ဒီဇိုင်း  ၂ ခုကိုတွေ့ရတဲ့အတွက် အရွယ်သေးနဲ့ အရွယ်ကြီး AirPods Pro ၂ မျိုး ထွက်လာနိုင်ပါတယ်။

Ref: gsmarena