Apple သတင်းတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာနေတဲ့ သုတေသီ Ming Chi Kuo က AirTag နဲ့ပတ်သက်ပြီးနောက်ထပ် ခန့်မှန်းချက်တစ်ခုကို ယူဆောင်လာပြန်ပါပြီ။ ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ထုတ်ကုန်ကို ဖြန့်ချိပြီးတဲ့နောက် သတင်းစကားဘာတစ်ခုမှ ထပ်ပြီးထွက်ပေါ်မလာပေမဲ့ တင်ပို့မှုက တဖြည်းဖြည်းကြီးမားလာပြီး Item tracker ရဲ့ ဒုတိယမျိုးဆက်ဆီကို ဦးတည်သွားနိုင်တယ်လို့ ဆိုပါတယ်။

AirTag ရဲ့ တင်ပို့မှုခန့်မှန်းချက်ဟာ ၂၀၂၁ နဲ့ ၂၀၂၂ မှာ အခုရေ သန်း ၂၀ နဲ့ ၃၅ သန်းနီးပါးအထိ ရောက်ရှိမယ်လို့ Kuo က ဆိုပါတယ်။ သိပ်ပြီးအာရုံစိုက်မခံရတဲ့ AirTag ဟာ ထွက်ရှိလာချိန်ကစပြီး တင်ပို့ရောင်းချမှုဟာ တဖြည်းဖြည်းကြီးထွားလာတာဖြစ်တဲ့အတွက် ဒီအတိုင်းသာဆက်ပြီးတိုးတက်လာမယ်ဆိုရင် Apple အနေနဲ့ ဒုတိယမျိုးဆက်ကို Develop လုပ်လာတော့မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

AirTag ဟာ အသုံးပြုသူရဲ့ သော့၊ နားကြပ်၊ ကျောပိုးအိတ်၊ ခရီးဆောင်အိတ် စတာတွေကို ခြေရာခံဖို့အထောက်အကူဖြစ်စေပါတယ်။ (9To5Mac ကတော့ ဒီလိုခြေရာခံနိုင်တာကြောင့် ချောင်းမြောင်းတိုက်ခိုက်ခြင်းနဲ့ လုယက်ခြင်းတွေအတွက် အသုံးချကြတယ်ဆိုပြီး ဘေးထွက်ဆိုးကျိုးအဖြစ် ဖော်ပြထားပါတယ်။) ဒါပေမဲ့ AirTag ကို လွန်ခဲ့တဲ့ တစ်နှစ်လောက်က စတင်ထုတ်ဝေခဲ့ပြီးတဲ့နောက် Apple ဟာ အဆိုပါပြဿနာတွေကို ဖြေရှင်းဖို့အတွက် Firmware updates တွေနဲ့အတူတိုးတက်အောင် လုပ်ဆောင်ခဲ့ပါတယ်။

အခုအချိန်မှာတော့ Item tracker ဟာ မူရင်းပိုင်ရှင်နဲ့ ဝေးကွာသွားတာ၊ ဒါမှမဟုတ် သူတို့နဲ့မသက်ဆိုင်တဲ့ AirTag သယ်ဆောင်လာသူဆိုရင် အသံပိုမြန်မြန်ထုတ်လွှတ်ပေးပြီဖြစ်ပါတယ်။ Apple ဟာ စမတ်ဖုန်းအသုံးပြုသူတွေကို AirTag က ဘယ်သူဖြစ်တယ်ဆိုတာကို ရှာဖွေတွေ့ရှိစေနိုင်ဖို့၊ ဒါကို ဘယ်လိုပိတ်ရမယ်ဆိုတာကိုလည်း သင်ကြားပေးဖို့ Android App ကိုလည်း လွှင့်တင်ခဲ့ပါတယ်။

လေ့လာသုံးသပ်သူ Ming-Chi Kuo ကတော့ Apple ဟာ ဒုတိယမျိုးဆက် AirTag အတွက် ဘယ်အပိုင်းတွေမှာ အဆင်သင့်ဖြစ်နေပြီဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။

Ref: 9To5Mac