itel က ဘယ်လိုကုမ္ပဏီမျိူးလဲ၊ ဘာတွေ စွမ်းဆောင်ထားနိုင်လဲ

itel ဟာ တန်ဖိုးသင့် စမတ်ဖုန်းတွေကို ကောင်းမွန်တဲ့ အရည်အသွေးနဲ့ ထုတ်လုပ်နေသူအဖြစ် ကမ္ဘာတဝှမ်းက နိုင်ငံတွေ အသိအမှတ်ပြုထားတဲ့ Reliable Brand တစ်ခုဖြစ်သလို Customer တွေ လက်ခံပြီး ရေရှည်လက်တွဲလာတဲ့ Brand တစ်ခုလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် ၂၀၂၁ ခုနှစ် ကွာတား (၄) မှာ ဒေါ်လာ ၁၀၀ အောက် စမတ်ဖုန်းတွေနဲ့ Feature ဖုန်းတွေကို အများဆုံး ရောင်းချနိုင်ခဲ့တဲ့ ကမ္ဘာ့ နံပါတ် ၁ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

itel ကို ဘယ်ခုနှစ်က စတင်တည်ထောင်ခဲ့လဲ၊ လက်ရှိမှာရော ကမ္ဘာတဝှမ်းကနိုင်ငံတွေမှာ ဘယ်လို ဝန်ဆောင်မှုတွေ ပေးထားနိုင်ပြီလဲ

itel ဟာ Transsion Holding Group ရဲ့ လက်အောက်မှာတည်ရှိတဲ့ Brand ၃ခုထဲက ၁ခုဖြစ်ပြီး ကုမ္ပဏီကို ၂၀၁၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ တည်ထောင်တဲ့နှစ် ၂၀၁၃ ခုနှစ်ကနေစပြီး နိုင်ငံပေါင်း ၅၀ ကျော်ကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး တကမ္ဘာလုံးက စီးပွားရေး မိတ်ဖက် ၆၀၀၀ ကျော်၊ အရောင်း ကိုယ်စားလှယ် ၂၅၀,၀၀၀ နဲ့အတူ ဆယ်စုနှစ်တစ်ခု ဖြတ်ကျော်ခဲ့ပြီးဖြစ်တဲ့ Global Brand တစ်ခု ဖြစ်ပါတယ်။

၂၀၁၅-၁၆ ခုနှစ်အတွင်း စျေးကွက်ထိုးဖောက်မှုကို စတင်ခဲ့တဲ့ itel ဟာ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယနဲ့ ဗီယက်နမ် နိုင်ငံတွေဆီ ခြေဆန့်နိုင်ခဲ့ပါတယ်။ အိန္ဒိယနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ တနှစ်တာအတွင်း စမတ်ဖုန်း အလုံးရေ သိန်း ၅၅၀ ကျော် ရောင်းချခဲ့ရတဲ့အထိ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ နိုင်ငံပေါင်း ၅၀ ကျော်အထိ ထိုးဖောက်နိုင်ခဲ့ပြီး အဆိုပါနှစ်ရဲ့ စမတ်ဖုန်းရောင်းအားဟာ အလုံးရေ သိန်း ၇၇၀ ကျော်အထိ ရှိလာပါတယ်။

မြန်မာနိုင်ငံကို ဘယ်အချိန်တုန်းက စတင်ဝင်ရောက်ခဲ့တာလဲ၊ တခြားနိုင်ငံတွေမှာရော itel က ဘယ်လိုမျိူး Brand အနေနဲ့ ရပ်တည်နေတာလဲ

စမတ်ဖုန်းနဲ့ Feature ဖုန်းတွေသာမက Laptop နဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိူးမျိူးကိုလည်း ထုတ်လုပ်ရောင်းချနေတဲ့ itel ဟာ မြန်မာနိုင်ငံနဲ့အတူ ထိုင်းနိုင်ငံ၊ အင်ဒိုးနီးရှားနိုင်ငံစျေးကွက်တွေကို ၂၀၂၀ ခုနှစ်မှာ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Covid ကာလနဲ့ တခြားအကြောင်းအရာတွေကြောင့် ဒီနေ့ကာလအထိ ကြိုးစားရုန်းကန်နေရပြီး တခြားနိုင်ငံတွေမှာတော့ ရောင်းအားကောင်းနေတဲ့ Brand တစ်ခုဖြစ်ပါတယ်။ itel ဟာ စစ်တမ်းတွေအရ ၂၀၂၁ ခုနှစ် ကွာတား (၄) တုန်းက ပါကစ္စတန်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ၇၅ ဒေါ်လာအောက် စမတ်ဖုန်းတွေကို အများဆုံးရောင်းချနိုင်ခဲ့တဲ့ နံပါတ် ၁ Brand ဖြစ်ခဲ့သလို အိန္ဒိယနိုင်ငံလိုမျိူး စျေးကွက်အကြီးကြီးမှာလည်း နံပါတ် ၂ နေရာကို ရယူနိုင်ခဲ့ပါတယ်။

လက်ရှိမှာ itel က ဘယ်လိုဖုန်းအမျိူးအစားတွေ ထုတ်နေတာလဲ၊ ဘယ်သူတွေအတွက် ရည်ရွယ်လဲ

itel စမတ်ဖုန်းတွေမှာ A Series ၊ S Series ၊ P Series နဲ့ V Series ဆိုပြီး ၄မျိုးရှိတဲ့ အထဲက A Series ဟာ စျေးနှုန်းချိူသာပြီး သုံးရတာ အဆင်ပြေတဲ့ အတွေ့အကြုံမျိူးကိုပေးမယ့် Affordable ကို ကိုယ်စားပြုပါတယ်။ S Series က Selfie သမားတွေနဲ့ Social Media သမားတွေအတွက် ထုတ်လုပ်ထားတာဖြစ်ပြီး လူငယ်တွေ သဘောကျစေမယ့် အရည်အသွေးကောင်းတဲ့ Selfie ဓာတ်ပုံအပိုင်းကို အလေးပေး လုပ်ဆောင်ထားမှာ ဖြစ်ပါတယ်။ P Series က သီချင်းနားထောင်၊ ဗီဒီယိုကြည့်၊ ဂိမ်းဆော့တာလိုမျိူး Entertainment အပိုင်းတွေအတွက် ဘက်ထရီ ကြာရှည်ခံအောင် ထုတ်လုပ်ထားမယ့် မော်ဒယ်တွေပါ။ V Series ကတော့ itel ရဲ့ နောက်ဆုံးပေါ် နည်းပညာအသစ်တွေနဲ့ ခေတ်မှီဆန်းသစ်တဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ပေါင်းစပ်ထားမယ့် မော်ဒယ်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စျေးကွက်အနေအထားနဲ့ ကြည့်မယ်ဆိုရင် လူတန်းစားမရွေး သုံးစွဲနိုင်တဲ့ ၁ သိန်းကနေ ၂ သိန်းခွဲဝန်းကျင် စမတ်ဖုန်းတွေ ရေပန်းစားပါတယ်။ အရည်အသွေးပိုင်းနဲ့ စျေးနှုန်းအရ Affordable ဖြစ်တဲ့ itel ဖုန်းတွေဟာ သုံးစွဲသူတွေအတွက်ရော စျေးကွက်လိုအပ်ချက်ကိုပါ ဖြည့်ဆည်းနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ itel က Service Center ဘယ်နှစ်ခု ဖွင့်လှစ်ထားလဲ၊ ဘယ်လို ဝန်ဆောင်မှုတွေ ပေးနေလဲ

itel ဟာ ဝန်ဆောင်မှုပိုင်းအတွက် Service Center ပေါင်း ၁၉ ခုကို ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် တခြားမြို့ကြီးတွေမှာ ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ အဆိုပါ Service Center တွေအနေနဲ့ itel ဖုန်းသုံးစွဲသူတွေကို အကောင်းဆုံးသော ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ အသင့်ဖြစ်နေပါပြီ။