Apple ဟာ ဆောင်းရာသီမှာ iPhone 14 Series ကို ကြေညာမယ်လို့ ထင်ရပြီး iPhone 14 , iPhone 14 Max , iPhone 14 Pro နဲ့ iPhone 14 Pro Max မော်ဒယ် ၄ မျိုး ထုတ်လုပ်ထားနိုင်ပါတယ်။ iPhone 13 mini ရောင်းအား မကောင်းတဲ့အတွက် iPhone 14 mini မော်ဒယ်ကို မထုတ်လုပ်တော့ပါဘူး။

Most iPhone users not impressed by the iPhone 13 series, defectors eyeing Google Pixel - PhoneArena

Haitong International Securities ရဲ့ လေ့လာဆန်းစစ်သူ Jeff Pu က ဒီနှစ်မှာ Apple ဟာ Pro နဲ့ Non-Pro iPhone မော်ဒယ်တွေမှာ တူညီမှုများစွာထည့်သွင်းထားမှာ ဖြစ်ပြီး အထူးသဖြင့် မျက်နှာပြင်နဲ့ မန်မိုရီ ပမာဏတွေ ဖြစ်ပါတယ်။

IPhone 13 series: the top five features to expect

iPhone 14 မော်ဒယ် အားလုံးမှာ 120Hz မျက်နှာပြင်နဲ့ 6GB RAM ပါလာမယ်လို့ Jeff Pu က ခန့်မှန်းလိုက်ပါတယ်။ လက်ရှိရောင်းထားတဲ့ iPhone 13 mini ၊ iPhone 13 မှာ 4GB RAM နဲ့ Pro ၊ Pro Max မှာ 6GB RAM ထည့်သွင်းထားတာပါ။

အရင်ကတော့ Pu က iPhone 14 Pro နဲ့ Pro Max မှာ 8GB RAM အထိပါလာမယ်လို့ ပြောခဲ့ဖူးပေမယ့် အခုတော့ မပါလာနိုင်တော့ပါဘူး။ ကုန်ကျစားရိတ် များသွားမှာ စိုးတဲ့အတွက် အခုလို RAM ပမာဏကို လျှော့ချလိုက်တာလို့ သိရပါတယ်။

Pro နဲ့ Non-Pro မော်ဒယ်တွေမှာ အထက်ဖော်ပြပါ တူညီချက်တွေ ထည့်သွင်းထားပေမယ့် Apple ဟာ ဘယ်လို မတူညီတဲ့ အရာတွေ ထည့်သွင်းပေးထားမလဲဆိုတာ မသိရသေးပါဘူး။ ကင်မရာ အပိုင်းမှာ ခွဲခြားထားမယ်ဆိုတာ သေချာသလောက်ရှိပါတယ်။

Pu က Pro မော်ဒယ်တွေမှာ 256GB Storage က စမှာ ဖြစ်ပြီး Non-Pro မော်ဒယ်တွေမှာ 64GB Storage က စမယ်လို့ ပြောပါတယ်။ Pro မော်ဒယ်တွေမှာ 48MP Main ကင်မရာ ထည့်သွင်းထားမယ်လို့ သတင်းများစွာ ပေါက်ကြားနေပါတယ်။

iPhone 14 ကို တရားဝင် ကြေညာဖို့ လပေါင်းများစွာလိုသေးတဲ့အတွက် အခုသတင်းဟာ ရာနှုန်းပြည့်မှန်ကန်မယ်လို့ ယူဆလို့ မရသေးပါဘူး။ နောက်ပိုင်းထွက်လာမယ့် သတင်းတွေကို စောင့်ကြည့်ရမှာပါ။

ref : gsmarena