လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက Samsung Galaxy A53 ရဲ့ ဗားရှင်းအနည်းငယ်မှာပဲ Snapdragon အသုံးပြုထားပြီး ကျန်တဲ့အမျိုးအစားတွေမှာတော့ Exynos processor ကို အသုံးပြုထားမယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုနောက်ဆုံးအခြေအနေအရ Samsung ဟာ Galaxy A53 အမျိုးအစားအားလုံးကို Exynos ပဲ အသုံးပြုလာနိုင်တယ်လို့ သုံးသပ်ရပါတယ်။

Galaxy A53 (SM-A536B) ရဲ့ နိုင်ငံတကာဗားရှင်းကို Geekbench ရဲ့ Database မှာ တွေ့မြင်လာရပါပြီ။ ဒီဟန်းဆက်မှာ 2.4GHz clocked CPU cores နှစ်ခု၊ 2GHz clocked CPU cores ၆ ခု နဲ့ Exynos 1200 processor (s5e8825) ကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။ Chipset မှာ Mali-G68 GPU နဲ့ 5G connectivity လည်း ပါဝင်ပါတယ်။

စမ်းသပ်ရလဒ်တွေအရ Exynos 1200 ရဲ့ Single-core ရမှတ်ဟာ 743 မှတ် ဖြစ်ပြီး Multi-core ရမှတ်ကတော့ 1,900 မှတ် တို့ပဲ ဖြစ်ပါတယ်။ Galaxy A53 မှာ မြင့်မားတဲ့ Refresh rate ပါရှိတဲ့ Super AMOLED မျက်နှာပြင်၊ OIS နဲ့ 64MP အဓိကဆင်ဆာအပါအဝင် ကင်မရာလေးလုံး တပ်ဆင်ထားပြီး မျက်နှာပြင်ကလည်း In-display fingerprint ဖြစ်တယ်လို့ သိရပါတယ်။

အခြားအချက်အလက်တွေအနေနဲ့ Stereo speaker တွေ တပ်ဆင်ထားသလို ဖုန်မှုန့်နဲ့ ရေဒဏ်ကာကွယ်ဖို့အတွက် IP68 rating လည်း ရရှိထားပါတယ်။ ဘက်ထရီကတော့ ဒီနေ့ခေတ်မှာ အခြေခံပမာဏလိုဖြစ်နေတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားမယ်လို့ သိရပါတယ်။ Exynos 1200 chipset နဲ့အတူ 5G, Wi-Fi 5, Bluetooth 5.0 စတာတွေအပါအဝင် ဘူးထဲကထုတ်လိုက်တာနဲ့ One UI 4 နဲ့ Android 12 ကို စတင်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Ref: SamMobile