OPPO ကနေ မလေးရှားနိုင်ငံအတွင်းမှာ Mid Range A Series ဖုန်းအသစ်ဖြစ်တဲ့ OPPO A78 5G ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ ဒါ့အပြင် အဆိုပါ OPPO A78 5G ဖုန်းကို လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အိန္ဒိယနိုင်ငံမှာပါ မိတ်ဆက်ဖို့ရှိနေတာကြောင့် နောက်ပိုင်းမှာ တခြားသောနိုင်ငံတွေမှာပါ ထပ်မံတိုးချဲ့ရောင်းချသွားဖွယ်ရှိနေပါတယ်။

OPPO A78 5G ဖုန်းဟာ ဒီဇိုင်းပိုင်းအရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက မိတ်ဆက်ထားတဲ့ OPPO A58 5G ဖုန်းနဲ့ ဆင်တူမှာဖြစ်ပါတယ်။ ဒါကြောင့် နောက်ကျောဘက်မှာ Dual Camera Setup ကို အသုံးပြုထားပြီး Flat Design ဘေးဘောင်တွေအပြင် အရှေ့ဘက် Display မှာ Waterdrop Notch ပါဝင်မှာဖြစ်ပါတယ်။

Specification တွေအနေနဲ့ OPPO A78 5G ဖုန်းဟာ 6.56″ 90Hz HD+ LCD Display ထည့်သွင်းပေးထားပြီး စွမ်းဆောင်ရည်ပိုင်းမှာ MediaTek Dimensity 700 Chipset ကို RAM 8GB ၊ 128GB Storage ပါဝင်မှာဖြစ်ပါတယ်။ Storage ထပ်မံတိုးချဲ့လိုတဲ့သူတွေအတွက် microSD Card ကနေတစ်ဆင့် တိုးချဲ့နိုင်မှာပါ။

Camera ပိုင်းမှာ 50MP Primary Camera နဲ့ 2MP Depth Sensor ပါဝင်တဲ့ Dual Camea Setup ပါဝင်မှာဖြစ်ပြီး Front Selfie Camera အတွက် 8MP Sensor ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Battery အနေနဲ့ 5000mAh Battery ကို 33W Fast Charging ကို ထောက်ပံ့ပေးထားပါတယ်။

တခြားသော Feature တွေအနေနဲ့ Side-mounted Fingeprint Scanner ၊ 5G Support ၊ 3.5mm Audio Jack အပြင် IP54 Dust & Water-Resistant Rating ပါဝင်မှာဖြစ်ပါတယ်။​ Software ပိုင်းမှာ Android 13 ကို အခြေခံထားတဲ့ ColorOS 13 ကို အသုံးပြုထားမှာဖြစ်ပါတယ်။

OPPO A78 5G ဖုန်းဟာ လက်ရှိအချိန်အထိ ဘယ်စျေးနှုန်းနဲ့ရောင်းချမလဲဆိုတာကို တရားဝင်ဖော်ပြထားခြင်းမရှိသေးဘဲ အစောပိုင်းသတင်းတွေအရ ဒေါ်လာ ၂၃၀ ဝန်းကျင်​နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China