Samsung ဟာ ဒီနှစ်ထဲမှာ A52 နဲ့ A72 တို့လို စွမ်းရည်သင့် Galaxy A Series Device တချို့ရဲ့ ပင်မ ကင်မရာမှာ Optical Image Stabilization (OIS) ကို ထည့်သွင်းပေးခဲ့ပါတယ်။ လာမယ့်နှစ်မှာတော့ အစီအစဉ် တစ်မျိုးပြောင်းတော့မှာပါ။

Samsung Galaxy A series 2021: the whole range explained

ကိုရီးယားက ထွက်လာတဲ့သတင်းအရ Samsung ဟာ ၂၀၂၂ ခုနှစ်မှာ A Series မော်ဒယ်အားလုံးရဲ့ ပင်မ ကင်မရာမှာ OIS ထောက်ပံ့ပေးတော့မယ်လို့ သိရပါတယ်။ ဒီနှစ် မတိုင်ခင်အထိ အဲဒီ လုပ်ဆောင်ချက်ကို စွမ်းရည်မြင့် စမတ်ဖုန်းတွေမှာပဲ ထည့်သွင်းပေးခဲ့တာပါ။

Masterstroke! Samsung's Galaxy A-series rebrand is already paying off -  NotebookCheck.net News

ဒီသတင်းသာ မှန်မယ်ဆိုရင် Samsung နဲ့ Xiaomi တို့ရဲ့ စွမ်းရည်သင့် ဖုန်းပြိုင်ပွဲမှာ အဓိက ခြားနားချက် ဖြစ်လာမှာပါ။ Xiaomi ရဲ့ ဖုန်းတွေဟာ ဈေးနှုန်းအပိုင်းမှာ Samsung ထက် အားသာချက်ရှိနေပေမယ့် OIS ပါလာရင် Samsung ဖုန်းတွေရဲ့ ဓါတ်ပုံ အရည်အသွေးဟာ အသာစီးရလာတော့မှာပါ။

လူတွေဟာ OIS ပါတဲ့ စမတ်ဖုန်းကို ရွေးချယ်ဝယ်ယူမလားဆိုတဲ့ မေးခွန်းထွက်လာပြီ ဖြစ်ပါတယ်။ အဲဒီ မေးခွန်းရဲ့ အဖြေကို လာမယ့်နှစ်မှာ သိလာရတော့မှာပါ။ OIS ပါတဲ့ကင်မရာ ၁ လုံးရဲ့ တန်ဖိုးဟာ မပါတဲ့ ကင်မရာ ၁ လုံးထက် ၁၅ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။

Ref : gsmarena