Huawei ရဲ့ လာမယ့်အောက်တိုဘာလအတွင်းမှာ မိတ်ဆက်လာမယ့် Mate 40 Series စမတ်ဖုန်းတွေဟာ နောက်ဆုံးဖြစ်လာမယ့် ကိုယ်ပိုင် Kirin Chipset အသစ်ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဆိုပါ Kirin Chipset ဟာ 5nm Architecture ကို အသုံးပြုလာမှာဖြစ်ပြီး အသေးစိတ်ကိုတော့ လာမယ့်စက်တင်ဘာလအတွင်းမှာ သိရှိရမယ်လို့ ယူဆရပါတယ်။

အခုအချိန်မှာတော့ Huawei Mate 40 ဖုန်းအတွက် Specification အသေးစိတ်က ထွက်ပေါ်လာပြီဖြစ်ပါတယ်။ အဆိုပါ Specification တွေကိုတော့ တရုတ် Website တစ်ခုဖြစ်တဲ့ PCOnline.com မှာ ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

ယခုသတင်းအရ Huawei Mate 40 စမတ်ဖုန်းဟာ Android 11 ကို အခြေခံထားတဲ့ EMUI 11 နဲ့ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Performance ပိုင်းအနေနဲ့လည်း Kirin Chipset ကို အသုံးပြုထားမှာဖြစ်ပြီး အမြင့်ဆုံး RAM 12GB နဲ့ 512GB Storage တွေထည့်သွင်းထားမှာဖြစ်ပါတယ်။

Fingerprint Sensor အနေနဲ့ကတော့ Super AMOLED Display အောက်မှာ Under-display Fingerprint Sensor ကိုထည့်သွင်းထားမှာပါ။ ကျန်တဲ့ Feature တွေအနေနဲ့ကတော့ Dual Nano-SIM Support ၊ Bluetooth 5.1 နဲ့ Dual-band Wi-Fi တွေပါဝင်မှာဖြစ်ပါတယ်။

အစောပိုင်းထွက်ရှိထားတဲ့ Render ဓါတ်ပုံတွေအရတော့ Huawei Mate 40 ဖုန်းဟာ Curved Display ၊ Punch-hole Selfie Camera Setup နဲ့ Triple Back Camera Setup ပါဝင်လာမယ်လို့ သိရပါတယ်။ Huawei Mate 40 Pro ကတော့ ယခုနှစ်အတွက် Camera အကောင်းဆုံးစမတ်ဖုန်းဖြစ်လာနိုင်သလိုပဲ Mate 40 ဖုန်းကလည်း စွမ်းဆောင်ရည်ပိုင်းမှာ တူညီမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China