Razer ဟာ Gaming လောကဘက်မှာ လူသိများတဲ့ အမှတ်တံဆိပ်ဖြစ်ပြီး စမတ်ဖုန်းစျေးကွက်မှာလည်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလက Razer Phone နဲ့ စတင်ဝင်ရောက်ခဲ့ပါတယ်။

၂၀၁၈ မှာလည်း Razer Phone 2 ကို ဆက်ထုတ်လုပ်ခဲ့ပေမယ့် ၂၀၁၉ မှာ မျိုးဆက်တစ်ခု ထပ်မထုတ်ခဲ့ဘဲ အခုမှ Razer Phone 3 ရဲ့ Prototype မော်ဒယ်လို့ ယူဆရတဲ့ စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေ စတင်ပေါ်ထွက်လာခဲ့ပါတယ်။

Razer Phone 3 ရဲ့ Prototype လို့ဆိုထားတဲ့ ဒီပုံတွေဟာ တွစ်တာကနေ ထွက်ပေါ်လာခဲ့ပြီး မူရင်း ရင်းမြစ်ကိုတော့ သေချာမဖော်ပြနိုင်ဘူးလို့ဆိုထားပါတယ်။ မူရင်းတင်လာတဲ့သူကတော့ ဒီပုံဟာ Razer Phone 3 ရဲ့ Prototype တစ်ခုဖြစ်ပြီး မျိုးဆက်သစ်စမတ်ဖုန်းနဲ့ 70% ခန့် ဆင်တူမယ့် ဒီဇိုင်းလို့ ဆိုထားပါတယ်။

ဒါပေမယ့် Razer ဟာ လက်ရှိမှာ မိုဘိုင်းဌာနခွဲကို ပိတ်လိုက်ပြီဖြစ်တာကြောင့် တတိယမျိုးဆက် Gaming Phone ကို တွေ့ရဖို့ မဖြစ်နိုင်တော့သလောက်ပါပဲ။ Razer Phone 3 Prototype မှာတော့ ဒေါင်လိုက် Triple-camera, Curved Corner တွေနဲ့ သေးငယ်တဲ့ Speaker Grill တစ်ခုတို့ကို မြင်တွေ့ရပါတယ်။

Ref – GizmoChina