တရုတ်မှာ realme ဟာ ဖုန်း အသစ်တွေကို ကြေညာဖို့ စီစဉ်နေတယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပြီး အဲဒီထဲမှာ realme X3 Pro ပါပါတယ်။ အဲဒီဖုန်းကို မကြာခင်က TENAA မှာတွေ့ခဲ့ရပြီး အခုတော့ တရုတ်က နာမည်ကျော် Tipster ၁ ယောက်က အဲဒီဖုန်းရဲ့ ဓါတ်ပုံ ၁ ပုံကို မျှဝေလိုက်ပါတယ်။

အရင်နှစ်မှာ realme က X2 , X2 Pro စွမ်းရည်မြင့် ဖုန်းတွေနဲ့ ဇွန်လမှာ realme India က X3 နဲ့ X3 SuperZoom ဖုန်းတွေကို ကြေညာခဲ့ပေမယ့် realme X3 Pro ကို မကြေညာရသေးပါဘူး။ X3 Pro ဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး 120Hz Refresh Rate ပါမယ်လို့ တရုတ်က Tipster က ပြောပါတယ်။ အရင်နှစ် အောက်တိုဘာလက ကြေညာခဲ့တဲ့ realme X2 Pro မှာ 90Hz Refresh Rate ပဲ ထည့်ထားတာ ဖြစ်ပါတယ်။

တရုတ်က Tipster က X3 Pro ရဲ့ အောက်ကဘောင်ဟာ အရမ်း ပါးလွှာပြီး 60Hz နဲ့ 120Hz Refresh Rate တွေကို ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီဖုန်းရဲ့ တခြား သတင်းအချက်အလက်တွေကို မသိရသေးပေမယ့် စွမ်းရည်မြင့် Snapdragon 865 Chipset ပါလာနိုင်ပါတယ်။ မကြာခင်မှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မှာပါ။

Ref : gizmochina