Xiaomi ကနေ Redmi K30 Series စမတ်ဖုန်းတွေကို အများအပြား မိတ်ဆက်ထားပြီးဖြစ်သလို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Mi 10T ကို Redmi K30S အနေနဲ့ မိတ်ဆက်ထားခဲ့ပါသေးတယ်။ ဒါပေမယ့် မကြာခင်မှာတော့ Redmi K30 Series အစား Redmi K40 ဖုန်းကို မိတ်ဆက်လာတော့မယ်လို့ ယူဆရပါတယ်။

လက်ရှိသိရတဲ့သတင်းတွေအရတော့ Xiaomi ဟာ Redmi K40 Series ဖုန်းတွေကို ၂၀၂၀ နှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့စီစဥ်ထားတာဖြစ်ပါတယ်။ အခုလည်း တရားဝင်မမိတ်ဆက်ရခင်မှာ Redmi K40 လို့ ယူဆရတဲ့စမတ်ဖုန်းရဲ့ Specs တချို့ပေါက်ကြားလာခဲ့ပါပြီ။

အခုပေါက်ကြားလာတာကတော့ Model Number M2011K2C လို့ ပေးထားတဲ့ Xiaomi ဖုန်းတစ်လုံးကို Certification ရရှိလာတာဖြစ်ပါတယ်။ အဆိုပါ Certification အရတော့ ဖုန်းရဲ့ Specs အပြည့်အစုံဖော်ပြရခြင်းမရှိသေးပေမယ့် လက်ရှိ Qualcomm ကနေ မိတ်ဆက်ထားခြင်းမရှိသေးတဲ့ Processor Chipset တစ်ခုကို သုံးစွဲထားတာဖြစ်ပါတယ်။

Qualcomm အနေနဲ့ လာမယ့် ဒီဇင်ဘာလအစပိုင်းမှာ Snapdragon 875 Flagship Chipset နဲ့အတူ High End ဖုန်းတွေအတွက် Snapdragon 775 ကိုလည်း မိတ်ဆက်သွားဖို့ရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Redmi K40 စမတ်ဖုန်းဟာ Qualcomm Snapdragon 775 Chipset ကို ပထမဆုံးအနေနဲ့ အသုံးပြုထားတဲ့ စမတ်ဖုန်းဖြစ်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Redmi K30 Series စမတ်ဖုန်းတွေက အောင်မြင်ခဲ့သလိုပဲ Redmi K40 ဖုန်းတွေလည်း စျေးနှုန်းနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ အောင်မြင်လာဦးမှာပါ။

Ref – Gizmo China