Samsung ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ဧပြီလဝန်းကျင်တုန်းက စျေးသက်သာတဲ့ Galaxy A Series ဖုန်းဖြစ်တဲ့ Galaxy A20 ကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း Galaxy A20s ဖုန်းကိုပါ ထပ်မံမိတ်ဆက်ခဲ့ပြီး အခုလည်း မကြာခင်မှာ Galaxy A21s စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ အဆိုပါ Galaxy A21s စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ Specification တွေအကုန်လုံးနီးပါး ထွက်ပေါ်လာခဲ့ပါပြီ။ အခုသတင်းကို Twitter အသုံးပြုသူတစ်ဦးဖြစ်တဲ့ Sudhanshu Ambhore ကနေ ဖော်ပြသွားခဲ့တာပဲဖြစ်ပါတယ်။

အခုသတင်းအရ Samsung Galaxy A21s စမတ်ဖုန်းဟာ 6.55″ HD+ IPS Display ကို အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လက်ရှိ Galaxy A20s ဖုန်းနဲ့ယှဥ်မယ်ဆိုရင် Screen Size က အနည်းငယ်ပိုကြီးလာမှာဖြစ်ပေမယ့် Resolution ကတော့ တူညီတဲ့ HD+ ကိုပဲ အသုံးပြုလာဦးမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ 48MP Primary Sensor ၊ 8MP Ultrawide နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Triple Camera Setup ပါဝင်မှာဖြစ်ပြီး Selfie Camera အနေနဲ့ကတော့ 13MP Sensor ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Selfie Camera ကို Notch ဒါမှမဟုတ် Punch-hole အနေနဲ့ ထည့်ပေးထားမလားဆိုတာကိုတော့ မသိရသေးပါဘူး။

ကျန်တဲ့ Performance ပိုင်းမှာလည်း ဘာ Processor သုံးထားတယ်ဆိုတာကို မဖော်ပြခဲ့ပေမယ့် RAM 3GB နဲ့ 64GB Storage ပါဝင်မယ်လို့ ဖော်ပြခဲ့ပါတယ်။ Battery ပိုင်းမှာ 5000mAh Battery အထိတိုးမြှင့်ထားပေမယ့် MicroUSB Charging ကိုပဲ ဆက်လက်အသုံးပြုထားဦးမှာပါ။

ဘာပဲဖြစ်ဖြစ် Samsung Galaxy A21s ဟာ Budget ဖုန်းတစ်လုံးအနေနဲ့ကတော့ အောင်မြင်လာနိုင်ဖွယ်ရှိနေပါတယ်။

Ref – Gizmo China