ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Vivo ဟာ S7 စီးရီးမှာ နောက်ထပ်မိသားစုဝင်အဖြစ် S7t ကို ထပ်ပြီးပေါင်းထည့်ဦးမယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ဒီတုန်းက Digital Chat Station ရဲ့ Tip ကိုပဲ ပြန်လည်ဖော်ပြခဲ့ရတာဖြစ်ပြီး၊ တရားဝင် အထောက်အထားကိုတော့ ပြသနိုင်ခဲ့ခြင်းမရှိပါဘူး။

အခုတော့ Vivo S7t လို့ ယူဆရတဲ့ Device ကို မော်ဒယ်နံပါတ် V2048A နဲ့အတူ တရုတ်ရဲ့ 3C မှာ Certification ရလာတာကို တွေ့မြင်ရပြီ ဖြစ်ပါတယ်။ S7t မှာ ကြိုတင်သတင်းထွက်ထားတဲ့အတိုင်း 33W charger နဲ့ဖြစ်တာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ဒီမော်ဒယ်နံပါတ်ဟာ Vivo S7t လို့လည်း ညွှန်းဆိုကြတာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာအချက်က အခုနှစ်အစောပိုင်းမှာ မော်ဒယ်နံပါတ် V2048A နဲ့ Device ကို Geekbench ပေါ်မှာ Dimensity 820 Chipset နဲ့ 8GB of RAM တွဲဖက်ပြီး တွေ့မြင်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Android 11 OS မောင်းနှင်ထားတာလည်း ဖြစ်ပါတယ်။ Digital Chat Station ကလည်း Vivo S7t မှာ Dimensity 820 သုံးထားမယ်လို့ ပြောခဲ့ပါတယ်။

Vivo ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် သြဂုတ်လမှာ Snapdragon 765G chip နဲ့ Vivi S7 5G ကို ကြေညာခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာလမှာတော့ Dimensity 720v SoC သုံး Vivo S7e 5G ကို ဆက်ပြီး ကြေညာခဲ့ပြန်ပါတယ်။ ဒါကြောင့် တရုတ်ဈေးကွက်အတွင်း မကြာခင်ကြေညာမယ့် Vivo S7t မှာ Dimensity 820 သုံးထားမယ်ဆိုတာ အတော်လေးကို ဖြစ်နိုင်ခြေရှိပါတယ်။

Vivo S7t အနေနဲ့ Chipset ကလွဲရင် ကျန်တဲ့ အစိတ်အပိုင်းအချက်အလက်တွေအားလုံးဟာ Vivo S7 5G နဲ့ သိပ်ကွာခြားမှုမရှိဘူးလို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် Vivo S7t မှာ 6.44-inch AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး၊ ခပ်ကျယ်ကျယ် Notch ထဲမှာ 44MP + 8MP ultrawide Selfie ကင်မရာနှစ်လုံးကို တွေ့မြင်ရဖွယ် ရှိပါတယ်။

ကျောဘက်မှာတော့ 64MP အဓိကကင်မရာအပါအဝင် ကင်မရာသုံးလုံးကို တွေ့မြင်ရနိုင်ပါတယ်။ ဘက်ထရီပမာဏဟာ 4,500mAh ပဲ ဖြစ်လာနိုင်ပါတယ်။ In-display fingerprint scanner ထောက်ပံ့ထားမယ်လို့လည်း မျှော်လင့်ရပါတယ်။

Ref: Gizmochina