Xiaomi ဟာ စွမ်းရည်မြင့် 12S နဲ့ 12S Pro ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ 12S Series ဟာ တရုတ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ကြေညာခဲ့တဲ့ Xiaomi 12 နဲ့ 12 Pro ရဲ့ အဆင့်မြင့် မော်ဒယ်တွေ ဖြစ်ပါတယ်။ 12S Pro ကို 3C ဝက်ဘ်ဆိုက်မှာ တွေ့လာရပြီ ဖြစ်တဲ့အတွက် 12S Series ကို မကြာခင် ကြေညာနိုင်ပါတယ်။

Xiaomi 12S Pro Dimensity 9000 variant 3C certified

မေလမှာ မော်ဒယ်နံပါတ် 2203121C, 2206123SC နဲ့ 2206122SC ပါတဲ့ Xiaomi ရဲ့ ဖုန်း ၃ လုံးကို CMIIT ဝက်ဘ်ဆိုက်မှာ တွေ့ခဲ့ရပြီး အဲဒီ ဖုန်းတွေကို တရုတ်မှာ Xiaomi 12 Ultra , Xiaomi 12S နဲ့ Xiaomi 12S Pro ဆိုပြီး ကြေညာနိုင်ပါတယ်။ အဲဒီ ဖုန်း အားလုံးမှာ Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားနိုင်ပါတယ်။

Xiaomi 12S Pro with Dimensity 9000 SoC is in the Works, Spotted on Mi Code - Gizmochina

Xiaomi 12S Pro အတွက် Dimensity 9000 Chipset Version လည်း ထွက်လာနိုင်တယ်လို့ ပြောနေကြပါတယ်။ IMEI Database မှာ မော်ဒယ်နံပါတ် 2207122MC ပါတဲ့ Xiaomi ဖုန်း ၁ လုံးကို မကြာခင်က တွေ့ခဲ့ရပြီး အဲဒါဟာ 12S Pro ရဲ့ Dimensity 9000 SoC Version ဖြစ်နိုင်ပါတယ်။ 3C မှာလည်း အဲဒီ ဖုန်းကို မှတ်ပုံတင်ထားပါတယ်။

ပေါက်ကြားသတင်းအရ Xiaom 12S Pro မှာ ၆.၅၅ လက်မ AMOLED FHD+ မျက်နှာပြင်၊ 64MP ကင်မရာ၊ 16MP ဆဲလ်ဖီး ကင်မရာနဲ့ 67W Fast Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ပါလာနိုင်ပါတယ်။ Android 12 OS အခြေပြု MIUI 13 မောင်းနှင်ထားမှာပါ။

Ref : gizmochina