Xiaomi ကနေ ယခုနှစ်အစောပိုင်းတုန်းက Flagship စမတ်ဖုန်းတွေအနေနဲ့ Mi 10 နဲ့ Mi 10 Pro ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အခုလာမယ့် သြဂုတ်လအတွင်းမှာလည်း Mi 10 Pro Plus ဆိုတဲ့ နာမည်နဲ့ နောက်ထပ် Flagship ဖုန်းတစ်လုံးကို မိတ်ဆက်လာမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပြီဖြစ်ပါတယ်။

အဆိုပါ Mi 10 Pro Plus ရဲ့ Model Number ဟာ M2007J1SC ဖြစ်တယ်လို့ သိရပြီးတော့ Qualcomm Snapdragon 865+ Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါကိုလည်း Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာပါ ပေါက်ကြားလာခဲ့တဲ့အတွက် အတည်ပြုနိုင်ပြီဖြစ်ပါတယ်။

အဆိုပါ Geekbench Website မှာ ထွက်ပေါ်လာတဲ့ Mi 10 Pro Plus ရဲ့ Benchmark Score တွေအနေနဲ့ကတော့ Single-Core Score မှာ 903 Marks ၊ Multi-Core Score မှာ 3233 Marks အသီးသီးရရှိထားတာကိုတွေ့ရပါတယ်။ RAM အနေနဲ့ကတော့ 12GB ပါဝင်မှာဖြစ်သလို Android 10 ကိုအခြေခံထားတယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Xiaomi Mi 10 Pro Plus ဖုန်းကို Antutu Benchmark မှာတွေ့မြင်ခဲ့ရပြီး ရမှတ်အနေနဲ့ 687,422 Mark အထိရရှိခဲ့တာဖြစ်ပါတယ်။ Display ပိုင်းအနေနဲ့ကတော့ 6.67″ Full HD+ Curved Display ကိုအသုံးပြုထားပြီး 120Hz Refresh Rate အထိ Support ပေးနိုင်မယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 108MP Sensor အစား 48MP Primary Sensor ကိုပဲအသုံးပြုလာမှာဖြစ်ပြီး 30x Hybrid Telephoto Sensor နဲ့ Macro Sensor တွေကို ဦးစားပေးလာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ 120W Fast Charging စနစ်ကိုပါ ထောက်ပံ့ပေးသွားဦးမှာဖြစ်တဲ့အတွက် Charging Speed အမြန်ဆန်ဆုံးဖုန်းတစ်လုံးတောင် ဖြစ်လာမှာပါ။

Ref – Gizmo China