[Unicode]

Google ရဲ့ မိခင် ကုမ္ပဏီဖြစ်တဲ့ Alphabet ဟာ ၁ ထရီလီယမ် ဒေါ်လာကျော် တန်ကြေးရှိတဲ့ အမေရိကန်ရဲ့ စတုတ္ထမြောက် ကုမ္ပဏီ ဖြစ်လာပါတယ်။ Alphabet ထက် အရင် ထရီလီယမ် ကုမ္ပဏီဖြစ်ခဲ့တာက Apple , Amazon နဲ့ Microsoft တို့ ဖြစ်ပါတယ်။

Google ကို တည်ထောင်သူတွေဖြစ်တဲ့ Larry Page နဲ့ Sergey Brin တို့ဟာ ၂၀၁၅ ခုနှစ်က Alphabet ကို စတင် တည်ထောင်ခဲ့ပြီး စီအီးအိုနဲ့ ဥက္ကဌ ရာထူးတွေ အသီးသီး ရယူထားခဲ့ပါတယ်။ အခုလို ထရီလီယမ် ဒေါ်လာတန် ကုမ္ပဏီ မဖြစ်ခင် ၁ လအလိုလောက်ကမှ သူတို့တွေဟာ ရာထူးတွေကနေ ဆင်းပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ Page က သူ့ စီအီးအို ရာထူးကို Google စီအီးအို Sundar Pichai ထံ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပြီး Pichai ဟာ Google နဲ့ Alphabet ကုမ္ပဏီ ၂ ခုစလုံးရဲ့ စီအီးအို ဖြစ်လာခဲ့ပါတယ်။

Alphabet ဟာ Google , Sidewalk Labs, DeepMind , Google Fiber နဲ့ Verily တို့ အပါအဝင် စီးပွားရေး လုပ်ငန်းများစွာကို ပိုင်ဆိုင်ပါတယ်။ Sidewalk Labs က စမတ် မြို့တော် နည်းပညာကို ဖန်တီးနေတာ ဖြစ်ပြီး AI နည်းပညာကို DeepMind က အာရုံစိုက် လုပ်ကိုင်နေပါတယ်။ Verily ဟာ လူမှု သိပ္ပံ သုတေသန အဖွဲ့အစည်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ Nest နဲ့ Chronicle တို့ကို Google လက်အောက်မှာ ပေါင်းစည်းခဲ့ပါတယ်။

အမေရိကန် နည်းပညာ ကုမ္ပဏီတွေရဲ့ တန်ကြေးဟာ အခုဆိုရင် ၅ ထရီလီယမ် ဒေါ်လာရှိနေပါပြီ။ CNBC က Facebook ဟာလည်း ထရီလီယမ် ဒေါ်လာ ကုမ္ပဏီဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် လက်ရှိမှာ ၆၂၀ ဘီလီယမ် ဒေါ်လာပဲ တန်ကြေးရှိသေးတဲ့အတွက် Facebook ဟာ ထရီလီယမ် ဒေါ်လာ ကုမ္ပဏီ ဖြစ်လာဖို့ ဈေးကွက်ချဲ့ထွင်ရဦးမှာပါ။

Ref : tnw

[Zawgyi]

ထရီလီယမ္ ေဒၚလာ ကုမၸဏီ ျဖစ္လာတဲ့ Alphabet

Google ရဲ႕ မိခင္ ကုမၸဏီျဖစ္တဲ့ Alphabet ဟာ ၁ ထရီလီယမ္ ေဒၚလာေက်ာ္ တန္ေၾကးရွိတဲ့ အေမရိကန္ရဲ႕ စတုတၳေျမာက္ ကုမၸဏီ ျဖစ္လာပါတယ္။ Alphabet ထက္ အရင္ ထရီလီယမ္ ကုမၸဏီျဖစ္ခဲ့တာက Apple , Amazon နဲ႔ Microsoft တို႔ ျဖစ္ပါတယ္။

Google ကို တည္ေထာင္သူေတြျဖစ္တဲ့ Larry Page နဲ႔ Sergey Brin တို႔ဟာ ၂၀၁၅ ခုႏွစ္က Alphabet ကို စတင္ တည္ေထာင္ခဲ့ၿပီး စီအီးအိုနဲ႔ ဥကၠဌ ရာထူးေတြ အသီးသီး ရယူထားခဲ့ပါတယ္။ အခုလို ထရီလီယမ္ ေဒၚလာတန္ ကုမၸဏီ မျဖစ္ခင္ ၁ လအလိုေလာက္ကမွ သူတို႔ေတြဟာ ရာထူးေတြကေန ဆင္းေပးခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလမွာ Page က သူ႔ စီအီးအို ရာထူးကို Google စီအီးအို Sundar Pichai ထံ လႊဲေျပာင္းေပးခဲ့တာ ျဖစ္ၿပီး Pichai ဟာ Google နဲ႔ Alphabet ကုမၸဏီ ၂ ခုစလုံးရဲ႕ စီအီးအို ျဖစ္လာခဲ့ပါတယ္။

Alphabet ဟာ Google , Sidewalk Labs, DeepMind , Google Fiber နဲ႔ Verily တို႔ အပါအဝင္ စီးပြားေရး လုပ္ငန္းမ်ားစြာကို ပိုင္ဆိုင္ပါတယ္။ Sidewalk Labs က စမတ္ ၿမိဳ႕ေတာ္ နည္းပညာကို ဖန္တီးေနတာ ျဖစ္ၿပီး AI နည္းပညာကို DeepMind က အာ႐ုံစိုက္ လုပ္ကိုင္ေနပါတယ္။ Verily ဟာ လူမႈ သိပၸံ သုေတသန အဖြဲ႕အစည္းျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ Nest နဲ႔ Chronicle တို႔ကို Google လက္ေအာက္မွာ ေပါင္းစည္းခဲ့ပါတယ္။

အေမရိကန္ နည္းပညာ ကုမၸဏီေတြရဲ႕ တန္ေၾကးဟာ အခုဆိုရင္ ၅ ထရီလီယမ္ ေဒၚလာရွိေနပါၿပီ။ CNBC က Facebook ဟာလည္း ထရီလီယမ္ ေဒၚလာ ကုမၸဏီျဖစ္လာမယ္လို႔ ခန႔္မွန္းထားပါတယ္။ ဒါေပမယ့္ လက္ရွိမွာ ၆၂၀ ဘီလီယမ္ ေဒၚလာပဲ တန္ေၾကးရွိေသးတဲ့အတြက္ Facebook ဟာ ထရီလီယမ္ ေဒၚလာ ကုမၸဏီ ျဖစ္လာဖို႔ ေဈးကြက္ခ်ဲ႕ထြင္ရဦးမွာပါ။

Ref : tnw