Google ရဲ့ မိခင် ကုမ္ပဏီ Alphabet ရဲ့ လက်အောက် ကုမ္ပဏီ Wing က Texas ပြည်နယ် Dallas မှာ Drone နဲ့ ကုန်ပစ္စည်း ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုကို ပြုလုပ်မယ်လို့ မကြာခင်က ကြေညာခဲ့ပါတယ်။ Dallas လို လူဦးရေထူထပ်တဲ့ မြို့မှာ ဒီလို ဝန်ဆောင်မှုပေးတာ ဒါ ပထမဆုံးလို့ သိရပါတယ်။

Alphabet

မကြာခင်မှာ Dallas ရဲ့ ကောင်းကင်ယံမှာ ပစ္စည်း သယ်ယူပို့ဆောင်ပေးနေတဲ့ Wing ရဲ့ Drone တွေကို မြင်ရတော့မှာ ဖြစ်ပါတယ်။ Wing ဟာ အသေးစား ကုန်ပစ္စည်းတွေကို Dallas ရဲ့ Frisco နဲ့ Little Elm တို့ကို စတင် ပို့ဆောင်ပေးနေပါပြီ။ Wing ရဲ့ Drone တွေမှာ ကုန်ပစ္စည်း ထည့်သွင်းနိုင်တဲ့ Container ပါရှိပြီး Drone မှာ ကြိုးနဲ့ ချိတ်ဆွဲထားပါတယ်။

Alphabet's Wing launches drone delivery service in Australia | Engadget

Wing လိုပဲ Amazon နဲ့ Uber တို့လို နည်းပညာ ကုမ္ပဏီတွေကလည်း Drone နဲ့ ကုန်ပစ္စည်း ပို့ဆောင်တဲ့ ဝန်ဆောင်မှုကို ပြုလုပ်ပေးဖို့ ကြိုးစားနေပါတယ်။ Drone တွေက ကုန်ပစ္စည်း သယ်ယူပို့ဆောင်တဲ့ နည်းလမ်းကို တော်လှန်ဆန်းသစ်စေမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆေးဝါးနဲ့ သွေးတွေကို ဝေးလံခေါင်ဖျားတဲ့ ဒေသတွေဆီ Drone တွေနဲ့ ပို့ဆောင်ပေးနေကြပါတယ်။

အမေရိကန်မှာ Drone နဲ့ ကုန်ပစ္စည်းပို့ဆောင်တဲ့ ဝန်ဆောင်မှုတွေကို လူဦးရေ နည်းပါးတဲ့ မြို့ငယ်လေးတွေမှာပဲ ပြုလုပ်ခွင့်ပေးထားပါတယ်။ အခုတော့ Wing က လူဦးရေ ထူထပ်တဲ့ Dallas မှာ စတင် ဝန်ဆောင်မှုပေးတော့မှာ ဖြစ်ပါတယ်။

Ref : gizmochina