Huami ရဲ့ Amazfit Smartwatch တွေဟာ လက်ရှိအချိန်မှာ အောင်မြင်နေပြီလို့တောင် ပြောလို့ရပါတယ်။ အဆိုပါ Amazfit Product တွေကို စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုဖို့အတွက် Amazfit Companion App တစ်ခုလည်း လိုအပ်နေမှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Huami ကနေ Amazfit App ကို Google Play Store မှာ Zepp ဆိုပြီး နာမည်ပြောင်းလိုက်ပြီလို့ သိရပါတယ်။ လောလောဆယ်မှာတော့ ရှာဖွေရလွယ်ကူဖို့အတွက် “Zepp (formerly Amazfit)” လို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

ဒီလိုမျိုးနာမည်ပြောင်းလဲလိုက်တာက အသုံးပြုသူတွေအတွက် Health Management ပိုင်းမှာ ရှုပ်ထွေးမှုမရှိစေဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။ Huami ဟာ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့ကနေ စတင်ပြီး App Icon အသစ်အပြင် Official Rename ပြုလုပ်မှုတွေကို ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားခဲ့ပါတယ်။

Zepp ဟာလည်း Smart Sport Accessories တွေနဲ့ Sensor တွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ Anhui Huami Information Technology Co. Ltd ကနေ ပြီးခဲ့တဲ့ ၂ နှစ်ကတည်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး Amazfit Product တွေအတွက် App မှာတင် Zepp Product တွေကိုပါ App တစ်ခုတည်းအနေနဲ့ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Huami ကတော့ လက်ရှိ Amazfit Device တွေအသုံးပြုနေတဲ့သူတွေအနေနဲ့လည်း နောက်ပိုင်းမှာ တူညီတဲ့ User Experience အတိုင်းပဲ ဆက်လက်အသုံးပြုနိုင်မယ်လို့ အာမခံထားပါတယ်။

Ref – Gizmo China