Amazfit Bip U ကို ပြီးခဲ့တဲ့လက အိန္ဒိယမှာ ကြေညာခဲ့ပြီး Bip Series အတွက် လုပ်ဆောင်ချက် အသစ်တွေ ပါလာသလို ဈေးကလည်း ချိုပါတယ်။ Bip U Pro ရဲ့ သတင်းတွေလည်း အရင်ကတည်းက ထွက်ခဲ့ဖူးပြီး လုပ်ဆောင်ချက် အသစ်တွေ ထပ်ပါလာမယ်လို့ သိရပါတယ်။ အခုတော့ Bluetooth SIG Website မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်တဲ့အတွက် မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။

Amazfit Bip U All Colors

Amazfit Bip U Pro ကို Bluetooth SIG Database မှာ အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ခဲ့ရပြီး အဲဒီ စမတ်နာရီရဲ့ မော်ဒယ်နံပါတ်က A2008 ဖြစ်ပါတယ်။ ရိုးရိုး မော်ဒယ်ရဲ့ မော်ဒယ်နံပါတ်ကတော့ A2017 ဖြစ်ပါတယ်။ မော်ဒယ် ၂ ခုရဲ့ ကွာခြားချက်က Bip U Pro (A2008) မှာ မတူညီတဲ့ ဆန်ဆာနဲ့ GNSS (Global Navigation Satellite System) a.k.a. GPS ထည့်သွင်းထားပါတယ်။

Amazfit Bip U Pro Bluetooth SIG

Bip U Pro မှာ Geomagnetic ဆန်ဆာ ပါမယ်လို့ သိရတဲ့အတွက် Compass ပါလာမှာ သေချာပါတယ်။ Fitness Tracker အမျိုးအစား ဖြစ်ပြီး မိုက်ကရိုဖုန်း ၁ လုံး ပါတဲ့အတွက် Amazon Alexa လို စမတ် ကိုယ်ရေးလက်ထောက်တွေကို အသုံးပြုနိုင်မျာပါ။ မျက်နှာပြင် ၊ ဘက်ထရီ သက်တမ်းနဲ့ ကျန်းမာရေး စောင့်ရှောက်တဲ့ လုပ်ဆောင်ချက်တွေလို တခြား Specs တွေက ရိုးရိုး မော်ဒယ်နဲ့ တူညီနိုင်ပါတယ်။

Huami ဟာ Bip U Pro ကြေညာမယ့် အချိန်ကို မပြောသေးပါဘူး။ Bluetooth SIG Website မှာ တွေ့လာရပြီ ဖြစ်တဲ့အတွက် မျက်ဝါးထင်ထင် မြင်ရဖို့ သိပ်မလိုတော့ပါဘူး။

Ref : gizmochina