Amazfit ဟာ ပြီးခဲ့တဲ့ လတွေအတွင်း အိန္ဒိယမှာ ခြေလှမ်းကြဲကြဲနဲ့ ဈေးကွက်ထိုးဖောက်နေပါတယ်။ ကုမ္ပဏီက Bip S, T-Rex နဲ့ Stratos 3 စမတ်နာရီတွေကို ဇွန်လမှာ ကြေညာခဲ့ပြီး ဒီ ၁ ပတ်အစောပိုင်းက Bip S Lite ကို ချပြခဲ့ပါတယ်။ အခုတော့ Amazfit က Powerbuds TWS Earphones ကို ဩဂုတ်လ ၆ ရက်နေ့ အိန္ဒိယမှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

အဲဒီ TWS Earphones အတွက် အရောင် ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး Amazon.in နဲ့ Amazfit Official အိန္ဒိယ ဝက်ဘ်ဆိုက်ကနေ ရောင်းချမှာပါ။

Amazfit Powerbuds ရဲ့ နားကြပ် ၁ ခုစီတိုင်းမှာ 9mm Driver ၁ ခုစီ ထည့်သွင်းထားပြီး အလေးချိန်ဟာ ၆ ဂရမ်လောက် ရှိပါတယ်။ 55mAh ဘက်ထရီကို ၁ ခါအားသွင်းထားရင် ၈ နာရီလောက် သီချင်းနားထောင်နိုင်ပါတယ်။ Charging Case က 450mAh ဘက်ထရီနဲ့ ပေါင်းရင် ၁၆ နာရီအထိ အသုံးခံမှာပါ။

Amazfit Powerbuds မှာ ဖုန်းပြောနေစဉ် ပတ်ဝန်းကျင်က အသံဆူညံတာကို ဖျောက်ပေးတဲ့ မိုက်ကရိုဖုန်း ၂ လုံး ပါလာပြီး နှလုံးခုန်နှုန်း တိုင်းတာတဲ့ စွမ်းရည် ပါလာပါတယ်။ Bluetooth 5.0 ထည့်ထားပြီး IP55 စံနှုန်း ပါတဲ့အတွက် ရေစိုတာခံနိုင်သလို ဖုန်မဝင်အောင်ကာကွယ်ပေးပါတယ်။ Touch Controls တွေလည်း အသုံးပြုနိုင်ပါတယ်။

Ref : gsmarena