Gaming ဘက်ကို ခြေဦးလှည့်ချင်နေတဲ့ Amazon ရဲ့ ခြေလှမ်းသစ်အဖြစ် Free-to-play Multiplayer ဂိမ်းအသစ် “Crucible” ကို လာမယ့်မေလ ၂၀ ရက်နေ့မှာ PC ပလက်ဖောင်းပေါ် ထုတ်လွှင့်ပေးတော့မှာဖြစ်ပါတယ်။

Sci-Fi (စိတ်ကူးယဉ်သိပ္ပံ) Third-person Shooter ဂိမ်းဖြစ်တဲ့ Crucible ဟာ လက်ရှိ Esports မြင်ကွင်းမှာ ခေတ်စားနေတဲ့ ဂိမ်းတွေရဲ့ Element တွေ စုပေါင်းပါဝင်လာမှာဖြစ်ပြီး အသင်းလိုက် Shooter စတိုင်လ်၊ Battle Royale နဲ့ MOBA ပုံစံအားလုံးရောနှောလာမယ်လို့ဆိုပါတယ်။

Gameplay ကတော့ အသင်းသားတွေနဲ့အတူ ပြိုင်ဘက်အသင်းကို လိုက်တိုက်ခိုက်တာ၊ ကွန်ပြူတာ Creep တွေကို စားရတာနဲ့ Objective တွေသိမ်းရတာအစုံ မြင်ရမှာဖြစ်ပါတယ်။ Heart of the Hives, Alpha Hunters, Harvester Command လို့ခေါ်တဲ့ Game Mode သုံးမျိုးပါမယ်လို့ လောလောဆယ်သိထားရပါတယ်။

Crucible ဟာ Amazon ကနေ ဖန်တီးနေတဲ့ ဘတ်ဂျက်အမြင့်ဂိမ်းနှစ်ခုထဲက တစ်ခုသာဖြစ်ပြီး နောက်ဂိမ်းတစ်ခုက MMO အမျိုးအစား “New World” လို့ခေါ်ပါတယ်။ New World ကတော့ သြဂုတ်လမှာ ထုတ်လွှင့်ပေးမှာပါ။ Crucible ကို ၂၀၁၄ တည်းက ဖန်တီးနေတာဖြစ်ပြီး ၂၀၁၆ ခုနှစ်က TwitchCon မှာ ပထမဆုံးအကြိမ် ကြေညာခဲ့ပါတယ်။

Ref – AFKGaming