Amazon က နာမည်ကျော် Fire TV Stick 4K ရဲ့ အဆင့်မြင့်တဲ့ မော်ဒယ်ကို ကြေညာလိုက်ပါတယ်။ နာမည်က Fire TV Stick 4K Max ဖြစ်ပြီး မော်ဒယ်အသစ်မှာ ပိုမြန်တဲ့ Processor ပါလာတဲ့အပြင် ပိုကောင်းတဲ့ WiFi 6 ထောက်ပံ့ထားပါတယ်။

Amazon's new Fire TV Stick 4K Max: What to know

Fire TV Stick 4K Max မှာ ပိုမြန်တဲ့ MediaTek MT8696 Processor မောင်းနှင်ထားပြီး အရင်မျိုးဆက်မှာတော့ Quad-core 1.7GHz CPU ပဲ ထည့်သွင်းထားတာပါ။ မော်ဒယ်အသစ်မှာ Quad-core 1.8GHz CPU ပါလာပါတယ်။ အရင်မော်ဒယ်ရဲ့ 1.5GB RAM အစား 2GB တပ်ဆင်ထားပါတယ်။ နည်းနည်းပဲ တိုးတက်တယ်လို့ ထင်ရပေမယ့် UI နဲ့ Playback တွေ ပိုမြန်၊ ပိုချောမွတ်လာမှာပါ။

Amazon Fire TV Stick 4K Max toont je Ring-videodeurbelweergave

Fire TV Stick 4K Max မှာ 802.11ax လို့ ခေါ်တဲ့ WiFi 6 ထောက်ပံ့ထားပြီး Alexa Voice Remote ပါလာကာ Standard Fire TV Stick မော်ဒယ်ထက် ပိုကောင်းလာပါတယ်။ Remote လုပ်ဆောင်ချက်တွေကို ပြောရရင် နိုင်ငံအပေါ်မူတည်ကာ Netflix, Disney+ , Hulu တို့လို နာမည်ကြီး App တွေအတွက် Shortcut Button အပိုတွေ ပါလာပါတယ်။

Fire TV Stick 4K Max မှာ Fire TV Cube ရဲ့ Live View Picture-in-picture လုပ်ဆောင်ချက် ထောက်ပံ့လာပါတယ်။ ကျန်တဲ့ Specs တွေက Fire TV Stick 4K နဲ့ အများစု တူညီကြတဲ့အတွက် နာမည်ကြီး Media Streaming App အားလုံးကို ထောက်ပံ့တဲ့ Media Player ၊ Dolby Vision နဲ့ Dolby Atmos တို့ ပါလာပါတယ်။ ၅၅ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁သိန်းနီးနီးလောက် ကျသင့်မှာပါ။

Ref : gsmarena