[Unicode]

Brand Finance Global 500 ရဲ့ နောက်ဆုံးထုတ် စစ်တမ်း ထွက်ပေါ်လာပြီး ကမ္ဘာ့ တန်ဖိုးအရှိဆုံး ကုမ္ပဏီစာရင်းမှာ Amazon က ၃ နှစ်ဆက်တိုက် ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။ Amazon ဟာ ဒေါ်လာ ၂၂၀.၇ ဘီလီယမ် တန်ကြေးရှိလာပြီဖြစ်ပြီး ဒေါ်လာ ၂၀၀ ဘီလီယမ် ကျော်သွားတဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ Amazon ဟာ ၂၀၁၉ ခုနှစ်ကထက် ၁၇.၅ ရာခိုင်နှုန်း တိုးတက်လာတာပါ။

Amazon ဒီလို တိုးတက်လာတာက Cloud Computing , Streaming Services , Consumer Electronics နဲ့ Logistics နယ်ပယ်တွေမှာ တိုးချဲ့နိုင်ခဲ့လို့ ဖြစ်ပါတယ်။ စာရင်းမှာ နံပါတ် ၂ နေရာကို သိမ်းပိုက်ထားတာက Google ဖြစ်ပြီး ဒေါ်လာ ၁၅၉.၇ ဘီလီယမ် တန်ကြေးရှိလာပါတယ်။ Apple က ဒေါ်လာ ၁၄၀.၅ ဘီလီယမ် တန်ကြေးရှိပြီး နံပါတ် ၃ နေရာကို ရယူထားပါတယ်။ Apple ရဲ့ တန်ကြေးဟာ အရင်နှစ်ကထက် ၈.၅ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

ဒေါ်လာ ၁၁၇ ဘီလီယမ် တန်ကြေးရှိတဲ့ Microsoft က နံပါတ် ၄ နေရာမှာ ရှိနေပြီး Samsung က ဒေါ်လာ ၉၄.၄ ဘီလီယမ်နဲ့ နံပါတ် ၅ နေရာကို သိမ်းပိုက်ထားပါတယ်။ Facebook က နံပါတ် ၇ နေရာမှာ ဒေါ်လာ ၇၉.၅ ဘီလီယမ်၊ Huawei က နံပါတ် ၁၀ နေရာမှာ ‌ဒေါ်လာ ၆၅ ဘီလီယမ်နဲ့ ရပ်တည်နေပါတယ်။ နည်းပညာကုမ္ပဏီတွေရဲ့ စုစုပေါင်း တန်ကြေးဟာ အများဆုံးဖြစ်ပြီး ကုမ္ပဏီ ၄၆ ခုရဲ့ တန်ကြေးဟာ ဒေါ်လာ ၉၈၆.၅ ဘီလီယမ် ရှိပါတယ်။

WhatsApp လို Instant Messenging ဝန်ဆောင်မှုတွေကြောင့် Text နဲ့ Voice က ဝင်ငွေတွေကျဆင်းခဲ့တဲ့အတွက် Telecom Company တွေရဲ့ တန်ကြေးဟာ ကျဆင်းလာပါတယ်။ AT&T ရဲ့ တန်ကြေးဟာ ၃၂ ရာခိုင်နှုန်း ကျဆင်းခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် 5G ကြောင့် Telecom Company တွေရဲ့ တန်ကြေးဟာ နောက်နှစ်မှာ တိုးတက်လာနိုင်ပါတယ်။

Ref : gsmarena

[Zawgyi]

ကမာၻ႔ တန္ဖိုးအရွိဆုံး ကုမၸဏီစာရင္းမွာ ထိပ္ဆုံးက ရပ္တည္ေနတဲ့ Amazon

Brand Finance Global 500 ရဲ႕ ေနာက္ဆုံးထုတ္ စစ္တမ္း ထြက္ေပၚလာၿပီး ကမာၻ႔ တန္ဖိုးအရွိဆုံး ကုမၸဏီစာရင္းမွာ Amazon က ၃ ႏွစ္ဆက္တိုက္ ထိပ္ဆုံးက ရပ္တည္ႏိုင္ခဲ့ပါတယ္။ Amazon ဟာ ေဒၚလာ ၂၂၀.၇ ဘီလီယမ္ တန္ေၾကးရွိလာၿပီျဖစ္ၿပီး ေဒၚလာ ၂၀၀ ဘီလီယမ္ ေက်ာ္သြားတဲ့ ပထမဆုံး ကုမၸဏီ ျဖစ္လာပါတယ္။ Amazon ဟာ ၂၀၁၉ ခုႏွစ္ကထက္ ၁၇.၅ ရာခိုင္ႏႈန္း တိုးတက္လာတာပါ။

Amazon ဒီလို တိုးတက္လာတာက Cloud Computing , Streaming Services , Consumer Electronics နဲ႔ Logistics နယ္ပယ္ေတြမွာ တိုးခ်ဲ႕ႏိုင္ခဲ့လို႔ ျဖစ္ပါတယ္။ စာရင္းမွာ နံပါတ္ ၂ ေနရာကို သိမ္းပိုက္ထားတာက Google ျဖစ္ၿပီး ေဒၚလာ ၁၅၉.၇ ဘီလီယမ္ တန္ေၾကးရွိလာပါတယ္။ Apple က ေဒၚလာ ၁၄၀.၅ ဘီလီယမ္ တန္ေၾကးရွိၿပီး နံပါတ္ ၃ ေနရာကို ရယူထားပါတယ္။ Apple ရဲ႕ တန္ေၾကးဟာ အရင္ႏွစ္ကထက္ ၈.၅ ရာခိုင္ႏႈန္း က်ဆင္းသြားပါတယ္။

ေဒၚလာ ၁၁၇ ဘီလီယမ္ တန္ေၾကးရွိတဲ့ Microsoft က နံပါတ္ ၄ ေနရာမွာ ရွိေနၿပီး Samsung က ေဒၚလာ ၉၄.၄ ဘီလီယမ္နဲ႔ နံပါတ္ ၅ ေနရာကို သိမ္းပိုက္ထားပါတယ္။ Facebook က နံပါတ္ ၇ ေနရာမွာ ေဒၚလာ ၇၉.၅ ဘီလီယမ္၊ Huawei က နံပါတ္ ၁၀ ေနရာမွာ ေဒၚလာ ၆၅ ဘီလီယမ္နဲ႔ ရပ္တည္ေနပါတယ္။ နည္းပညာကုမၸဏီေတြရဲ႕ စုစုေပါင္း တန္ေၾကးဟာ အမ်ားဆုံးျဖစ္ၿပီး ကုမၸဏီ ၄၆ ခုရဲ႕ တန္ေၾကးဟာ ေဒၚလာ ၉၈၆.၅ ဘီလီယမ္ ရွိပါတယ္။

WhatsApp လို Instant Messenging ဝန္ေဆာင္မႈေတြေၾကာင့္ Text နဲ႔ Voice က ဝင္ေငြေတြက်ဆင္းခဲ့တဲ့အတြက္ Telecom Company ေတြရဲ႕ တန္ေၾကးဟာ က်ဆင္းလာပါတယ္။ AT&T ရဲ႕ တန္ေၾကးဟာ ၃၂ ရာခိုင္ႏႈန္း က်ဆင္းခဲ့တာေတြ႕ရပါတယ္။ ဒါေပမယ့္ 5G ေၾကာင့္ Telecom Company ေတြရဲ႕ တန္ေၾကးဟာ ေနာက္ႏွစ္မွာ တိုးတက္လာႏိုင္ပါတယ္။

Ref : gsmarena