AMC ရုပ်ရှင်လုပ်ငန်းဟာ Spider Man ရုပ်ရှင် လက်မှတ် အစောဆုံး ဝယ်ယူသူတွေကို ကုမ္ပဏီရဲ့ ပထမဆုံး NFTs တွေ လက်ဆောင်ပေးခြင်းဖြင့် စွဲဆောင်ခဲ့ရာမှာ အောင်မြင်မှု ရခဲ့ပါတယ်။ အခုတော့ AMC ဟာ စတော့ရှယ်ယာ ပိုင်ရှင်တွေကို NFTs တွေ လက်ဆောင်ပေးနေပါတယ်။
ကန်းဆက် အခြေစိုက် ရုပ်ရှင်ရုံ ကုမ္ပဏီဟာ Investor Connect လို့ခေါ်တဲ့ ရင်းနှီးမြှပ်နှံသူတွေကို ဆုပေးတဲ့ အစီအစဉ်မှာ လက်ရှိ ပါဝင်ထားသူတွေနဲ့ ဒီနှစ်ကုန်မှာ စတော့ စတင် ဝယ်ယူတဲ့ လူတွေကို NFTs တွေ အခမဲ့ပေးမှာ ဖြစ်ပါတယ်။
AMC Investor Connect ဟာ AMC ရှယ်ယာ ပိုင်ရှင်တွေကို အသိအမှတ်ပြုပေးဖို့ ဒီဇိုင်းထုတ်ထားတဲ့ အစီအစဉ် ၁ ခု ဖြစ်ပြီး ရွှေပြားမှာ ‘I Own AMC’ စာသားကို ဂုဏ်ယူဝင့်ကြွားစွာ ရေးထိုးထားတဲ့ NFTs ကို လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။
AMC ဟာ နိုဝင်ဘာလမှာ ဒစ်ဂျစ်တယ် တိုကင် ၈၆,၀၀၀ ကို Spider Man ရုပ်ရှင်လက်မှတ် အစောဆုံး ဝယ်ယူသူတွေကို လက်ဆောင်ပေးခြင်းဖြင့် NFTs နယ်ပယ်ထဲ ဝင်ရောက်လာပါတယ်။ ဒီလို ပြုလုပ်ပေးခဲ့တဲ့အတွက် လက်မှတ် ရောင်းအား အရမ်း ကောင်းခဲ့တယ်လို့ AMC ရဲ့ အကြီးတန်း အရာရှိ Adam Aron က ပြောပါတယ်။
Aron က “ Spider Man ရုပ်ရှင်လက်မှတ်ကို NFTs နဲ့ တွဲရောင်းခဲ့တာ အောင်မြင်မှု ရခဲ့ပြီး အခုတော့ ဒုတိယမြောက် NFTs ကို ဂုဏ်ယူစွာ ကြေညာလိုက်ပါတယ်။ စတော့ရှယ်ယာ ပိုင်ရှင်တိုင်းကို အဲဒီ NFTs တွေ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ “ လို့ Twitter မှာ ရေးသားထားပါတယ်။
Ref : markets.businessinsider