Vivo ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်ပြီး ဂိမ်းမင်းပိုင်းမှာ အဆင့်မြင့်အစိတ်အပိုင်းတွေနဲ့ ဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်လာတဲ့ iQOO ရဲ့ Device အများစုဟာ ဈေးနှုန်းမြင့်မားတယ်ဆိုပေမယ့် ၊ U စီးရီးလို မော်ဒယ်တွေကတော့ ဈေးနှုန်းချိုသာတဲ့ မော်ဒယ်တွေ ဖြစ်ပါတယ်။

အခုလည်း မော်ဒယ်နံပါတ် V2054A နဲ့ iQOO ဟန်းဆက်တစ်ခုကို TENAA database မှာတွေ့မြင်ရပါတယ်။ ဒီ ဟန်းဆက်ဟာ iQOO ရဲ့ U စီးရီးထဲက ပထမဆုံး 5G မော်ဒယ်ဖြစ်လာနိုင်ပါတယ်။ အခြား နှစ်မျိုးကတော့ LTE ချိတ်ဆက်မှုပဲ ရမယ်လို့ ယူဆရပါတယ်။ TENAA မှာ ကနဦးမြင်ခဲ့ရတာက မော်ဒယ်နံပါတ် V2019A နဲ့ “iQOO U1 5G” ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Device ကို ဒီနေ့အထိ တွေ့မြင်ရခြင်းမရှိသေးပါဘူး။

V2054A ကို ကြည့်မယ်ဆိုရင်တော့ 6.58-inch LCD display ဖြစ်ပြီး 1080p+ resolution နဲ့ 20:9 aspect ratio ရှိတာကို တွေ့ရပါတယ်။ ကျောဘက်ဒီဇိုင်းကတော့ Vivo X50 Pro လိုမျိုး ကင်မရာမှန်ဘီလူးအကြီးတစ်လုံးကို အပေါ်မှာသီးသန့်ထားပြီး အောက်မှာကင်မရာမော်ဂျူးငယ်ကို ထားရှိတဲ့ ဒီဇိုင်းပါ။ Vivo ဟန်းဆက်အတော်များများမှာ ဒီလို ဒီဇိုင်းကိုတွေ့မြင်နေရပါပြီ။

V2054A မှာ Gimbal ကင်မရာမပါဘဲ အခြေခံကင်မရာပဲပါဝင်ပါတယ်။ 13MP အဓိကကင်မရာနဲ့ 2MP helper module တို့ပါဝင်တယ်ဆိုပေမယ့် သတင်းကောင်းကတော့ 4K ဗီဒီယိုလည်း ရိုက်ကူးနိုင်တာပါ။ Selfie ကင်မရာကတော့ 8MP sensor ဖြစ်ပါတယ်။ Chipset အမျိုးအစားကိုတော့မသိရသေးပေမယ့် (octa-core CPU at 2.0GHz) ဖြစ်ပါတယ်။ 4GB, 6GB နဲ့ 8GB of RAM သုံးမျိုးရှိပြီး Storage ကတော့ 128GB တစ်မျိုးတည်း ဖြစ်ပါတယ်။ 4,910mAh ဘက်ထရီတပ်ဆင်ထားပြီး၊ အားသွင်းမြန်နှုန်းကိုတော့ မသိရသေးပါဘူး။

Ref: GSM Arena