Bitcoin Miner အမျိုးသား တစ်ယောက်ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူ့ ချစ်သူက ၈,၀၀၀ Bitcoin ပါတဲ့ Hard Drive ကို အမှိုက်ပုံမှာ မတော်တဆ လွှင့်ပစ်မိတဲ့အတွက် ဒေါ်လာ သန်း ၇၀၀ ကျော် ဆုံးရှုံးသွားခဲ့ပါတယ်။ Wales နိုင်ငံ Newport မှ James Howells ကို ဒေသ ကောင်စီက အမှိုက်ပုံမှာ Hard Drive ကို ရှာဖွေခွင့် မပေးတဲ့အတွက် သူက အခု တရားစွဲထားပြီး နစ်နာကြေး တောင်းထားပါတယ်။
အသက် ၃၉ နှစ် အရွယ် Howells ဟာ ၂၀၀၉ ခုနှစ်မှာ Bitcoin တူးခဲ့ပြီး Hard Drive မှာ သိမ်းထားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ သူ့ ချစ်သူက Bitcoin သိမ်းထားတာ မသိဘဲ Hard Drive ကို အမှိုက်ပုံမှာ လွှင့်ပစ်ခဲ့ပါတယ်။ အခုဆိုရင် Bitcoin တစ်ခုဟာ ဒေါ်လာ ၉၈,၀၀၀ တောင် တန်ကြေး ရှိနေပြီ ဖြစ်ပြီး အဲဒီ Hard Drive ဟာ ဒေါ်လာ ၇၈၄ သန်းကျော် တန်ကြေး ရှိပါတယ်။
Howells ဟာ Hard Drive တန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းကို ပေးမယ်လို့ ဒေသ ကောင်စီကို ကမ်းလှမ်းခဲ့ပြီး Hard Drive ကို ရှာဖွေခွင့် တောင်းခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရပါတယ်။ သူ ဒေသ ကောင်စီကို တရားစွဲထားတဲ့ အမှုကို ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကာဒစ်မှာ ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။
Ref : Technology Innovation