Apple ဟာ iPhone တွေမှာ တူညီတဲ့ ဒီဇိုင်းကို အသုံးပြုလေ့ရှိပါတယ်။ အခုတော့ အင်ဂျင်နီယာ ၁ ယောက်က မျက်နှာပြင်ကွေး ပါတဲ့ iPhone 14 Pro Max ကို တီထွင်လိုက်ပါတယ်။
We change iphone 14 pro max curved display pic.twitter.com/wbfFn6pZic
— fix Apple 🍏 (@lipilipsi) November 29, 2022
fix Apple လို့ အမည်ပြောင်ပေးထားတဲ့ အင်ဂျင်နီယာ ၁ ယောက်က ဖန်တီးလိုက်တာ ဖြစ်ပြီး ဖုန်းရဲ့ အလယ်ဖရိမ်ကို ပြောင်းလဲခြင်းအားဖြင့် ဒီလိုလုပ်နိုင်ခဲ့တာလို့ ပြောပါတယ်။ ဗီဒီယိုမှာ ဖုန်းဟာ အပြစ်အနာအဆာ မရှိဘဲ Dynamic Island ဟာလည်း နေရာတကျရှိပါတယ်။ ထိတွေ့မျက်နှာပြင် အလုပ်လုပ်သလားဆိုတာတော့ မသိရပါဘူး။
Apple ဟာ iPhone တွေကို ဖြုတ်ပြီးပြုပြင်ပြောင်းလဲတာကို မကြိုက်ပါဘူး။ အဲဒီအတွက် အခုလို ပြောင်းလဲလိုက်တဲ့အခါ ဖုန်းမှာ ပြဿနာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း fix Apple က မျက်နှာပြင်ကွေး iPhone လိုချင်သူတွေအတွက် ပြုလုပ်ပေးမယ်လို့ ပြောနေပါတယ်။
iPhone 14 Pro Max မှာ မျက်နှာပြင်ကွေး တပ်ဆင်တဲ့ကုန်ကျစားရိတ်ကို မသိရသေးသလို ဘယ်မော်ဒယ်တွေမှာ ပြုလုပ်လို့ရသလဲဆိုတာ မပြောသေးပါဘူး။ fix Apple ရဲ့ တွစ်တာ အကောင့်မှာ သူဟာ Apple နဲ့ Huawei မှာ အင်ဂျင်နီယာ အဖြစ် အလုပ်လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မကြာခင်ကလည်း တရုတ်က Apple Fan ၁ ယောက်ဟာ iPhone ကို Galaxy Z Flip လို Foldable စမတ်ဖုန်း အဖြစ် ပြောင်းလဲဖန်တီးခဲ့ပါသေးတယ်။
Ref : gizmochina